၂ လကျော် မစစ်ဘဲ ရပ်ထားတဲ့ ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု ရုံးချိန်းပြန်ပေး

၂ လကျော် မစစ်ဘဲ ရပ်ထားတဲ့ ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု ရုံးချိန်းပြန်ပေး

ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သထုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်းပွန်ဖြစ်သူတို့ရဲ့ အမှုကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ရုံးချိန်းပေးထားတယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါ အကြောင်းပြန်ချက်နဲ့ ရုံးတွေကို ရက်ရှည်ပိတ်ထားလို့ အမှု မစစ်နိုင်တာ ၂ လကျော်ထိ လာရှိပြီးနောက် ပထမအကြိမ် ရုံးထုတ်စစ်ဆေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်းပွန်ဖြစ်သူ သထုံမြို့နယ် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ လှုံ့ဆော်တာ၊ စစ်အာဏာရှင်ဆန္ဒပြပွဲ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့က ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို သထုံမြို့နယ်တရားရုံးက စွဲချက်တင် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေ ပြန်လည်စစ်ဆေးသွားဖို့ ရှိနေတာပါ။

“အမှုအခြေအနေက သက်သေစစ်တဲ့ အခြေအနေတော့ရောက်ပြီ၊ ပြန်ခေါ်သက်သေစစ်ပြီးရင်တော့ အမေတို့ကို စစ်မှာပေါ့နော် လာမယ့် ၂၀ ရက်နေ့မှာရုံးချိန်းတော့ရှိတယ် အမှုက စစ်မယ် မစစ်ဘူးဆိုတာက ရုံးအပေါ်မှာပဲ မူတည်လိမ့်မယ်” လို့ ဒေါ်မာမာခိုင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် ကျိုက်မရောအကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရစဉ် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...