ကျိုက်ထိုက လူငယ် ၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီး

ကျိုက်ထိုက လူငယ် ၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီး

ကျိုက်ထိုမြို့က အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် စုစုပေါင်း (၅) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ (၁၇) ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြချက်နဲ့ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

မနေ့ညပိုင်းမှာတော့ အထက (၁) ကျိုက်ထို ကျောင်းစာရေး မင်းကိုကို၊ ကျူရှင်သင်သူ ဦးညီညီနိုင်နဲ့ ခိုင်သစ္စာ အိမ်ဆောက်ပစ္စည်းဆိုင်မှ အသက်မပြည့်သေးသည့် ဇွဲထူးနိုင်အပါအဝင် စုစုပေါင်း ၅ ဦးခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

“ကိုညီညီနိုင်အပါအဝင် ၅ ဦးလောက်ဖမ်းခံရတယ်လို့ သိရတယ်။ ကိုညီညီနိုင်က ဘာမှ လုပ်တဲ့သူမဟုတ်ပါဘူး။ စာသင်တာဘဲရှိတာ။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးကိစ္စတွေမှာ ဝင်ပါတာလဲ မတွေ့ရသလောက်ပါဘဲ။ ဘာကြောင့်ဖမ်းသွားလဲဆိုတာမသိရဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီလို ဝင်ဖမ်းချိန်မှာ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေနဲ့ Laptop Computer တွေကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့ရက်ပိုင်းမှာလည်း ကျိုက်ထိုက အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် လေးရက်အကြာမှာ အလောင်းလာယူဖို့ မိသားစုဝင်တွေကို စစ်ကောင်စီက အကြောင်းကြားခဲ့ပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...