မွန်ပြည်နယ်မှာ ၂ ပတ်အတွင်း ကိုဗစ်လူနာ ၁၇၄၀ ကျော်ထပ်တွေ့၊ သေဆုံးသူ ၁၄၀ ကျော်ရှိ

မွန်ပြည်နယ်မှာ ၂ ပတ်အတွင်း ကိုဗစ်လူနာ ၁၇၄၀ ကျော်ထပ်တွေ့၊ သေဆုံးသူ ၁၄၀ ကျော်ရှိ

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၂ ပတ်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၇၄၂ ဦး ထပ်မံတွေ့ရှိခဲ့သလို သေဆုံး ၁၄၃ ဦးရှိကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါပိုးတွေ့ရှိမှုအရ ချောင်းဆုံမြို့နယ်ဟာ ကိုဗစ်လူနာသစ် ၃၈၁ ဦးနဲ့ အများဆုံးပိုးတွေ့ရှိခဲ့သလို ရေးမြို့နယ်က ကိုဗစ်လူနာ ၂၈၈ ဦးနဲ့ ဒုတိယအများဆုံး ပိုးကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

သေဆုံးမှုအနေနဲ့ မုဒုံမြို့နယ်က ၂၇ ဦး၊ ရေးမြို့နယ်က ၂၁ ဦး၊ မော်လမြိုင်မြို့နယ်က ၁၉ ဦး၊ ချောင်းဆုံမြို့နယ်က ၁၈ ဦး၊ ပေါင်မြို့နယ်က ၁၆ ဦး၊ ကျိုက်မရောမြို့နယ်က ၁၁ ဦး၊ သံဖြူဇရပ်မြို့နယ်က ၁၀ ဦး၊ သထုံမြို့နယ်က ၈ ဦး၊ ဘီးလင်းမြို့နယ်က ၇ ဦးနဲ့ကျိုက်ထိုမြို့နယ်က ၃ ဦး၊ စုစုပေါင်း ၁၄၃ ဦး သေဆုံးခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးနှုန်းဟာ ပြီးခဲ့တဲ့ကာလတွေနဲ့နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းလာတာဖြစ်ပါတယ်။

“အဓိက, က ကာကွယ်ဆေးကိုတွေထိုးလိုက်တာလည်းပါမယ်။ နောက် ရောဂါဖြစ်ပွားမှုနှုန်းက အမြင့်ဆုံးအချိန်ရောက်ပြီးမှ ပြန်ကျလာတယ်လို့လည်းသုံးသပ်လို့ရပါတယ်” လို့ ကိုဗစ်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိကို ကိုဗစ်လူနာ ၁၁၇၅၃ ဦးထိရှိပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၁၀၅၇ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...