ကလေးမြို့နယ် ဆည်တောရွာတွင် စစ်ကောင်စီစစ်တပ်မှ သေနတ်ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေနတ်ဒဏ်ရာရရှိပြီး လူငယ်သုံးဦးလည်း အဖမ်းခံရ

ကလေးမြို့နယ် ဆည်တောရွာတွင် စစ်ကောင်စီစစ်တပ်မှ သေနတ်ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေနတ်ဒဏ်ရာရရှိပြီး လူငယ်သုံးဦးလည်း အဖမ်းခံရ

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင်  ကလေးမြို့နယ်ဆည်တောရွာ၌ စစ်ကား ၇ စီးခန့်ဖြင့် စစ်တပ်အင်အား ၁၀၀ ဦး ဝန်းကျင်မှ သေနတ် ပစ်ခတ်မှုကြောင့် အဘွားအို တစ်ဦး ဒဏ်ရာ ရရှိကာ လူငယ်သုံးဦးလည်း အဖမ်းခံရထားကြောင်း ဆည်တောရွာ ဒေသခံတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီ စစ်တပ်ကပေါ့နော် သူတို့က ဂန့်ဂေါကနေ ကလေးမြို့ကို လာတဲ့လမ်းခရီးမှာ သူတို့က သေနတ်ကို ရမ်းပစ်ကြတယ်၊ အဲ့မှာ အဘွားအိုတစ်ယောက်က စိုက်ခင်းသွားပြီးတော့ အပြန်လမ်းမှာ စစ်ကောင်စီတွေနဲ့ သွားကြုံတော့ သူ့ရဲ့ ဘယ်ဘက်ခြေထောက် ထိသွားတယ်၊ ဆိုတော့ သူက လမ်းမှာပဲ အဲ့အတိုင်းလဲကျသွားတယ်၊ ရွာသားတစ်ချို့က သူ့ကိုမြင်ကြတော့ အဲ့အဘွားအိုကို ကျွန်တော်တို့ ရွာထဲက ဆေးဝါးကျွမ်းကျင်တဲ့ သူက အခု ကုသပေးနေတုန်းပေါ့နော်။ အဲ့ပြီးရင် ကျွန်တော်တို့ ရွာသားထဲက လူငယ်သုံးယောက်၊ သူတို့က ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးသွားတာပေါ့ အဲ့မှာ သူတို့ သုံးယောက်စလုံးကိုလည်း စစ်ကောင်စီ စစ်တပ်က ခေါ်သွားကြတယ်၊ လူရော ဆိုင်ကယ်ပါ စစ်တပ်ကမ သွားတယ်၊ အခုထိ သူတို့ သတင်း မကြားရသေးဘူး။ ဘာလို့ ဒီသတင်းကို အတိအကျပြောနိုင်တာလဲ ဆိုရင်တော့ မျက်မြင်သက်သေ ရှိပါတယ်၊ သူကိုယ်တိုင်ကလည်း သေနတ်အပစ်ခံရတယ်၊ မနည်းရှောင်ပြေးရင်းနဲ့ လွတ်လာတာပါ။ စစ်ကောင်စီ စစ်တပ်အနေနဲ့ အကြောင်းမရှိ၊ အပြစ်မရှိတဲ့ သူတွေကို ဒီလိုလုပ်သွားတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။” ဟု ပြောသည်။

ဆည်တောရွာသည် ဂန့်ဂေါနှင့် ကလေးကြားတွင် တည်ရှိသောရွာဖြစ်ပြီး ရွာအိမ်ခြေ ၄၀၀ ခန့်ရှိပြီး ဒေသခံ လူဦးရေ ၁၅၀၀ ဝန်းကျင် နေထိုင်ကြကြောင်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...