ရေးမြို့မှာ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်(၆၀၀)ကျပ်အထိ တိုးမြင့်မည်

ရေးမြို့မှာ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်(၆၀၀)ကျပ်အထိ တိုးမြင့်မည်

ဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ရေးမြို့နယ်မှာ လျှစ်စစ်မီတာခတွေကို တစ်ယူနစ် (၆၀၀) ကျပ်အထိ တိုးမြင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား မသွယ်တန်းနိုင်သေးတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

အရင်လတွေမှာတော့ လျှစ်စစ်မီးသုံးစွဲမှုအတွက် တစ်ယူနစ်ကို (၅၅၀) ကျပ် ကောက်ခံရာမှ အခုအခါ ဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် စက်တင်ဘာလမှ စတင်ပြီး တစ်ယူနစ်ကို (၆၀၀) ကျပ်အထိ တိုးမြင့်ကောက်ခံပြီး ရောင်းချသွားမယ်လို့ ဆိုပါတယ်။

”မီတာခတွေ ဘာကြောင့် တက်လည်းဆိုတော့ ဆီဈေးက အခု (၂၇၀၀၀၀) နီးသွားပြီးလေ၊ အခုက (၉) လပိုင်း သုံးတဲ့ဟာကို (၁၀) လပိုင်းမှာ စကောက် တော့မှာပေါ့၊ ဆီဈေး ငြိမ်နေတုန်းက (၅၅၀) ကောက်တာပေါ့၊ အခုက ဆီဈေးတွေ တက်တော့ (၆၀၀) တိုးကောက်မှာပေါ့၊ အခု တိုးကောက်ဖို့ အတွက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြထားပြီး သူကနေတဆင့် ပြည်နယ်ကို တင်မှာပေါ့”လို့ ရေးမြို့နယ် မီးလင်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလို ဆီဈေးနှုန်းကြောင့် မီတာခတွေ တိုးမြင့်ကောက်ခံခဲ့တဲ့အတွက် ရေးမြို့နယ်က အခြေခံလူတန်းစားတွေဟာ စီးပွားရေး ကြပ်တည်းမှုတွေကို ပိုမိုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

”အားလုံး သိတဲ့အတိုင်းပဲ တပြည်နယ်လုံးမှာ ရေးက မီတာခ ဈေးအကြီးဆုံးပဲလေ၊ အခုကာလက ရောဂါတွေ ဖြစ်နေတော့ အလုပ်တွေက မရှိကြဘူးလေ၊ အလုပ်မရှိတဲ့ အတွက် လက်လုပ်လက်စားတွေက စားဖို့လည်းပူရ အခု မီတာခ အတွက်ပါ ပူရတော့မှာပေါ့၊ အမှန်မှာက ဒီကာလမှာ ဈေးလျော့ ပေးရမှာလေ၊ အခုတိုးကောက် မယ်ဆိုတော့ မီးပိတ်ထားဖို့ပဲ ရှိတော့တာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေးမြို့နယ်ဟာ မဟာဓာတ်အားလိုင်းနဲ့ လျှပ်စစ်မသွယ်တန်းနိုင်သေးလို့ မွန်ပြည်နယ်ရဲ့ အစိုးရလျှပ်စစ်မီး မရသေးတဲ့ တခုတည်းသောမြို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ ရေးမြို့နယ်ကို လျှပ်စစ်မီး သွယ်တန်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်အာဏာသိမ်းမှုတွေကြောင့် စီမံကိန်းတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...