BGF စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါးလာပေးဖို့ ဖိအားပေးစေခိုင်း

BGF စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါးလာပေးဖို့ ဖိအားပေးစေခိုင်း

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ (၄၀၆) နဲ့ အမှတ် (၁၀၁၄) BGF ပူးပေါင်းအဖွဲ့က စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါးလာပေးဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

စခန်းပြုပြင်ဖို့ လေးကေနဲ့ ကျောက်ဖျာကျေးရွာက ဒေသခံတွေကို တစ်အိမ် ဝါး (၁၀) လုံးနဲ့ သစ် ၂ ချောင်းခုတ်ပြီး စခန်းကိုပို့ပေးဖို့ ဖိအားပေးခိုင်းစေနေတာ ဖြစ်ပါတယ်။

“သူတို့စခန်းပြင်ဖို့တဲ့။ ဒီဘက်မှာက ခုက သစ်ဝါးရှားလာတော့ တချို့ရှာမရသူတွေက ဝယ်ပို့ပေးနေရတယ်။ ရွာသားတွေကြောက်လို့ လုပ်ပေးနေရတယ်။ သစ်ဝါးက ကိုယ်လိုချင်ရင်တောင်ရာဖို့မလွယ်တဲ့ဟာ။ အတင်းအဓမ္မမပေးမနေရပုံစံနဲ့တောင်းတာ။ အရင်တစ်ခါကလည်း တောင်းလို့ပေးပြီးပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စခန်းပြုပြင်ဖို့ဆိုပြီး သစ်ဝါးတွေကို ဇူလိုင်လ ဒုတိယအပတ်တုန်းက တစ်ကြိမ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံတောင်းလာတာ ဖြစ်ပါတယ်။

လေးကေကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့မှာ အင်အား (၉၅) ဦးရှိပြီး ခမရ (၄၀၆) တပ်ရင်းမှ တပ်ရင်းမှူး ကျော်ကျော်လတ်နဲ့ BGF တပ်မှ တပ်ခွဲမှူးကျော်လဲ တို့ဦးဆောင်လုပ်ကိုင်နေတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြစ်ကျိုးကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက ကြသောင်းဆိပ်ဘက်ကို ဆက်လက်ထွက်ခွာဖို့ ဒေသခံတွေကို ကားရှာခိုင်းနေတာတွေရှိတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...