စစ်ကောင်စီက ကျိတ်ရွာအပြင်ဘက်တွင် တပ်စခန်းအသစ် ပြန်ဆောက်ရန် စီစဉ်နေ

စစ်ကောင်စီက ကျိတ်ရွာအပြင်ဘက်တွင် တပ်စခန်းအသစ် ပြန်ဆောက်ရန် စီစဉ်နေ

စစ်ရေးတင်းမာမှုဖြစ်ပေါ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာတွင် စစ်ကောင်စီက ရွာအပြင်ဘက်၌ တပ်စခန်းအသစ် ပြန်ဆောက်ရန် စီစဉ်နေသည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်လက ကျိတ်စခန်းကို စွန့်ခွာသွားပြီးနောက် ယခင်နေရာတွင် ပြန်လည်စခန်းထိုင်ရန် စီစဉ်သော်လည်း ဒေသခံများက လက်ခံခြင်းမရှိသည့်အတွက် ကျိတ်ရွာ၏အပြင်ဘက်ရှိ ခိုလာဖေတောင်ဘက်ရှိ ဒေသခံတစ်ဦး၏ မြေကွက်ကိုဝယ်ယူ၍ စခန်းပြန်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယခုလို စခန်းပြန်ဆောက်ရန်  စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျိုက်ဒုံမြို့၌ နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးစောမုတ်သုန်က မြေပိုင်ရှင်နှင့် အရောင်းအဝယ်စာချုပ်ပြုလုပ်ပြီး ကျပ်သိန်း ၆၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအရောင်းအဝယ်ကို သိထားသူ အမည်မဖော်လိုသူတဦးက ကေအိုင်စီသို့ ပြောသည်။

"သူတို့ စခန်းပြန်လာဆောက်မယ်။ ခိုလာဖေမှာ လို့တော့ ကြားသိထားတယ်။ ရွာသားတစ်ဦးရဲ့မြေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်။ သူတို့ ဘယ်တော့ လာဆောက်မလဲတော့ မသိဘူး။ အခုလည်း ရွာမှာ အယောက် ၅၀ လောက်တော့ ရှိနေသေးတယ်" ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပိုင်ကလန်ဒုံနှင့် ကွင်းကလေး ကျေးရွာတွင် တပ်အင်အား တစ်ရာကျော် ပြန်သွားဆုတ်သော်လည်း ၎င်းကျိတ်ကျေးရွာတွင် ဒေသခံလူနေအိမ် အချို့၌ တပ်အင်အား ၅၀ ခန့် တပ်စွဲထားပြီး တပ်စခန်းဆောက်ရန်အတွက် ကျန်ရှိနေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ကျိတ်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ပြီးနောက် ဒေသခံများအနေဖြင့် နေ့စဉ်လူမှုဘဝအတွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနေသော်လည်း ပစ်ခတ်မှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်စိတ် ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...