ရေးကာကွယ်ရေးအထူးတပ်ဖွဲ့က ရဲတစ်ယောက်ကို အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့

ရေးကာကွယ်ရေးအထူးတပ်ဖွဲ့က ရဲတစ်ယောက်ကို အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့

ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီးမှာ ပိတ်ဆို့စစ်ဆေးနေတဲ့အဖွဲ့ထဲက ရဲတပ်သားတစ်ဦးကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရေးကာကွယ်ရေးအထူးတပ်ဖွဲ့ဝင်နှစ်ဦးက အနီးကပ် ဓားဖြင့် ထိုးသတ်ခဲ့ပါတယ်။



ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ကို သွားရောက်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တာဖြစ်ပေမယ့် ပစ်ခတ်မှုတွေမဖြစ်ခဲ့ဘဲ တစ်ဦးတည်းကျွံထွက်နေတဲ့ ရဲတပ်သားကို ဓားဖြင့် ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။



“ကျွန်တော်တို့ ၁၀ ရက်နေ့မှာ ရဲရေးစခန်းကို ဗုံးခွဲတိုက်မှု အပြီးမှာ ရေးတစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးတာ နေရာအနှံ့ပြုလုပ်နေတယ်ပေါ့ ၊ ပစ်ခတ်မှုတွေပါ လုပ်မယ်လို့အစီစဉ်ဆွဲခဲ့ပေမဲ့ ရဲတစ်ယောက်က လွှတ်ထွက်နေလို့ အဲ့ရဲတစ်ယောက်ကိုပဲ လုပ်ခဲ့တာဖြစ်ပါတယ်” လို့ ရေး-PDF ပြည်ကြားရေးအဖွဲ့မှ ကိုစောအယ်မူးတူးက ပြောပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာလည်း ရေးမြို့မရဲစခန်းကို PDF အဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။



အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ရေးမြို့အတွင်းမှာ PDF တပ်ဖွဲ့ဝင်တွေ ခိုလှုံနေတယ်ဆိုပြီး နေ့ရောညပါ ပိုက်စိပ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...