PDF များကို ထောက်ပံ့သည်ဟုဆိုကာ CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး ဖမ်းခံရ

PDF များကို ထောက်ပံ့သည်ဟုဆိုကာ CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး ဖမ်းခံရ

မကွေးတိုင်း မင်းတုန်းမြို့ ကျန်းမာရေးဌာနက CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေက မကွေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

မစုဝေလွင်မှာ အဖမ်းမခံရမီ တစ်ရက်က သူမ၏ ကျပ်သိန်း ၂၀ ကျော်ရှိသည့် Wave money အကောင့် ရုတ်တရက်ပိတ်ခံရပြီး နောက်ရက်တွင် ဓာတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

Wave money အကောင့်ထဲက ငွေများသည် PDF များကို ထောက်ပံရန် ဆက်သွယ်ဆောင်ရွက်နေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

”PDF တွေ ထောက်ပံ့ဖို့မဟုတ်ဘူးလားဆိုတဲ့ ပြောတာတွေကြားရတယ်” ဟု မစုဝေလွင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်းတုန်းမြို့ ကျန်းမာရေးဌာနက CDM ဝန်ထမ်း မစုဝေလွင်သည် မကွေးမြို့သို့ အဖမ်းမခံရခင် တပတ်ခန့်က ရောက်ရှိနေခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆရာမ၏ မိဘများ မကွေးသို့လိုက်ရန် ပြင်ဆင်နေပြီး မည်သည့်နေရာတွင် ချုပ်ထားသည်ကို စုံစမ်းနေကြောင်းသိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းကလည်း မင်းတုန်းမြို့က ဆယ်ကျော်သက်လူငယ် ၈ ဦး ဖမ်းဆီးခံရသည့်ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...