မအူပင်တွင် လူငယ်များအား ပရဟိတအယောင်ဆောင် စစ်ထောက်လှမ်းရေးများက ဖမ်းဆီး

မအူပင်တွင် လူငယ်များအား ပရဟိတအယောင်ဆောင် စစ်ထောက်လှမ်းရေးများက ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ဒီမိုကရေစီရေးလှုပ်ရှားသူ နှစ်ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပရဟိတသမားအယောင်ဆောင်၍ ဖမ်းဆီးခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ လူငယ်များဖြစ်သည့် ကိုမြင့်အေးနှင့် ကိုစိုးဇော်ရှိန်တို့ကို ပရဟိတသမားဟန်ဆောင်ထားသည့် စစ်သားများပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းသွားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ဘာကြောင့်ဖမ်းလဲ မသိရဘူး။ လာဖမ်းတဲ့သူတွေက ပရဟိတအဖွဲ့တွေမှာ ပါဝင်တဲ့သူတွေ ဖြစ်နေတာတွေ့ရတယ်။ ပရဟိတအဖွဲ့က ကားတွေ အသုံးပြုတာလည်းရှိတယ်။ နောက်ဆို ပြည်သူတွေက ပရဟိတအဖွဲ့တွေကို ယုံကြည်မှုကင်းမဲ့လာနိုင်တယ်" ဟု ဒေသခံ ပရဟိတအဖွဲ့ဝင်တစ်ဦး က ပြောသည်။

စစ်ကောင်စီ ထောက်လှမ်းရေးတပ်ဖွဲ့ဖြစ်သည့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ စစ်သားများက ပရဟိတအဖွဲ့ဝင်အသွင်ယူ၍ သတင်းရယူကာ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံ ပရဟိတအဖွဲ့ဝင်အချို့က ပြောသည်။

အမှတ် ၆ ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ လူငယ်များဖြစ်သည့် ကိုမြင့်အေးနှင့် စိုးဇော်ရှိန်တို့သာမက အမှတ် ၂ ရပ်ကွက်နှင့် အခြားရပ်ကွက်များက လူငယ် ၅ ဦးလည်း စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

မအူပင်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြသူ အယောက် ၆၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...