CDM ဝန်ထမ်းတွေ မရှိ၊ ရှိတာရောင်းပြီး ဝမ်းရေးဖြေရှင်းနေရ

CDM ဝန်ထမ်းတွေ မရှိ၊ ရှိတာရောင်းပြီး ဝမ်းရေးဖြေရှင်းနေရ

အာဏာဖီဆန်ရေး CDM ဝန်ထမ်းများအနေနဲ့ လက်ရှိမှာ အခြေခံစားသောက်ကုန် ကြီးမြင့်မှုကြားကနေ နေ့စဉ်စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ Covid တတိယလှိုင်းတွေကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်တာ၊ လမ်းခရီးအခက်အခဲတွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေကြောင့် ကုန်ပစ္စည်းစျေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပါတယ်။

“စားဝတ်နေရေးကတော့ အရင်က စုဆောင်းထားတဲ့ဟာတွေကို ထုတ်ရောင်းပြီးစားနေရတယ်၊ ကုန်စျေးနှုန်းတွေကလည်း မြင့်နေတော့ လွယ်တော့ မလွယ်ဘူး” လို့ အိမ်ထောင်ဦးစီး CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်ပကတင်သွင်းရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ စျေးမြင့်တက်နေသလို ပြည်တွင်း အခြေခံစားသောက်ကုန်ပစ္စည်းတွေကလည်း စျေးမြင့်တက်နေတာပါ။

“ကုန်‌ဈေးနှုန်းက ဆက်တိုက်တက်နေတာ၊ အိမ်ခြံကွက်မှာ သီးနှံတွေစိုက်ပြီး စားနေရတယ်၊ စျေးဖိုးကို တော်တော်ချွေတာနေရတယ်၊ ရေရှည်ဆိုရင် မရှိ ရှိတာရောင်းပြီး စားရမှာပဲ” လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကတော့ နွေဦးထီရောင်းချနေပြီး ရောင်းချငွေရဲ့ ၇၀% ကို CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးသွားဖြစ်တယ်လို့ ပြောထားပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီက အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေကို ထောက်ပံ့တဲ့ ဘဏ်အကောင့်တွေ၊ E.money အကောင့်တွေကို ပိတ်တာအပြင် ဖမ်းဆီးတာ‌ထောင်ချတွေကိုလည်း ဆက်တိုက် ပြုလုပ်လာနေပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...