မအူပင်တွင် ဒလန်ဆိုသူတစ်ဦး သေနတ်ပစ်ခံရ

မအူပင်တွင် ဒလန်ဆိုသူတစ်ဦး သေနတ်ပစ်ခံရ

ဧရာတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသည့် အမျိုးသားတစ်ဦးကို ၎င်းနေအိမ်ရှေ့မှာပင် အမည်မသိသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မအူပင်မြို့ အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူ အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဦးရာချစ်ဆိုသူကို သူ၏ နေအိမ်ရှေ့တွင်ပင် အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်ဖြင့် လာပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“နှစ်ချက်ပစ်တယ်။ ရာချစ်ကို မထိလိုက်ဘူး။ သူက ဒလန် ဟုတ်/မဟုတ် မသိပါဘူး။ သူတို့မိသားစုကတော့ စစ်ကောင်စီသတင်းပေး ဒလန်လို့ မြို့မှာ နာမည်ကြီးနေတာ" ဟု မအူပင်မြို့ခံ ဒေါ်လှဝင်းက ပြောသည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုက ထုတ်ပြန်သည့် ဒလန်စာရင်းတွင် ဦးရာချစ်အမည် မပါသော်လည်း ၎င်း၏ ယောက်ဖ တော်စပ်သူ ဦးမောင်မြင့်မှာ ဒလန်တစ်ဦးဖြစ်ကြောင်း ကြေညာခံထားရသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးသူများကို သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ ခြိမ်းခြောက်ခံခြင်းများရှိနေပြီး ပစ်ခတ်ခံရ၍ သေဆုံးသူ ၂ ဦး ဒဏ်ရာသူ ၁ ဦးနှင့် စာဖြင့် ခြိမ်းခြောက်ခံရသူ ၉ ဦးထက်မနည်းရှိကြောင်း သိရသည်။

 
 

 

 

ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...
August 3, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC...