မှော်ဘီတွင် စစ်တပ်တိုက်လေယာဉ် ပျက်ကျ

မှော်ဘီတွင် စစ်တပ်တိုက်လေယာဉ် ပျက်ကျ
ပုံဟောင်း (တပ်မတော်လေ)
ပုံဟောင်း (တပ်မတော်လေ)

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်ပိုင်းက စစ်တပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ငှက်နှင့် တိုက်မိခဲ့ပြီး ပျက်ကျခဲ့သည်။

ထိုဖြစ်စဉ်နောက်ပိုင်းတွင် ဒေသတွင်း လုံခြုံရေးများကို စစ်တပ်က တင်းကျပ်စွာ ချမှတ်ထားသည်ဟု ဒေသခံများက ပြောသည်။

တပ်မတော် (လေ) မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဥ် ယနေ့နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈,၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးသို့ ရောက်ရှိစဥ် ငှက်တစ်ကောင်နှင့် တိုက်မိသည့် ဖြစ်စဉ် (Bird Strike) ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ငှက်ဝင်ရောက်တိုက်မိခြင်းကြောင့် လေယာဉ်၏ အင်ဂျင်ခန်းအတွင်းသို့ ငှက်ပါသွားကာ အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်မရှိသည့် အရပ်မျက်နှာ ဘက်သို့ လှည့်၍ အရေးပေါ်လေယာဉ်ပေါ်မှ ခုန်ထွက်သည့်စနစ် (Ejection System) ကို အသုံးပြုကာ ခုန်ထွက်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းကဲ့သို့ လေယာဉ်ပျက်ကျပြီးနောက်ပိုင်း ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အနီးအနား လမ်း ကြောင်းများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံး ဝင်ရောက်ကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးတင်းကျပ်စွာ ချမှတ်ဆောင်ရွက်လျက်ရှိနေသည်။

မှော်ဘီမြို့နယ်တွင် နေထိုင်သည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက “မနက်လင်းကတည်းက ဂိတ်မှာပြော နေကြတာ၊ စစ်တပ်က ကားတွေ ညောင်နှစ်ပင်ဘက်အများကြီး သွားကြတယ်။ လေယာဉ်ပျက်ကျတဲ့ အနား လူတွေကပ်လို့မရဘူး၊ လုံခြုံရေးယူထားတယ်။ လေယာဉ်မှူး စစ်ဆေးရုံခေါ်သွားတယ်လို့ သိရတယ်။ လေယာဉ် ပျက်ကျတဲ့အခြေအနေ ဓာတ်ပုံမရိုက်ရဘူး” ဟု ပြောသည်။

လက်ရှိတွင် လေယာဉ်ပျက်ကျခဲ့သည့် ညောင်နှစ်ပင်ကျေးရွာ အနီးဝန်းကျင်သို့ သွားလာခွင့်များကို တင်းကျပ် ကန့်သတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျက်စီးသွားသည့် လေယာဉ်အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်း များကို ရှာဖွေသိမ်းဆည်းခြင်းများ လုပ်ဆောင်နေကြသည်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း စစ်တပ် က သတင်းထုတ်ပြန်ထားသော်လည်း လေယာဉ်ပျက်ကျသည့် တည်နေရာတစ်ဝိုက်တွင်မူ လုံခြုံရေးအင်အား အမြောက်အမြားဖြင့် တင်းကျပ်စွာ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

 

ဓါတ်ပုံ - ပုံဟောင်း (တပ်မတော်လေ)

ဓာတ်ပုံ - Crd
August 24, 2026
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 24, 2026
ရခိုင်ရိုးမဘက်သို့ ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း၊...
August 24, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေနှင့် တော်...
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...