သဲကုန်းတွင် လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲ

သဲကုန်းတွင် လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲ

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ထဲက ဆင်တဲကုန်းကျေးရွာတွင် လက်လုပ်မိုင်းစမ်းသပ်နေစဉ် ပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်လောက်တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဆင်တဲကုန်းရွာက ကြက်မွေးမြူရေးခြံတွင် လက် လုပ်မိုင်း စမ်းသပ်ပြုလုပ်နေစဉ် မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်သားတွေ စစ်ဆေးကြတယ်။ ပြီးတော့ လက်လုပ်မိုင်းလုပ်နေရင်းက ပေါက်ကွဲတာလို့ပြောတယ်။ လက်လုပ်ရီမုဒ်မိုင်းပေါ့။ ပစ္စည်းတွေလည်း ဖမ်းမိတယ်လို့သိရတယ်" ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုကြောင့် အုတ်ဆွဲကျေးရွာက ကိုရန်ကျော် အသက် ၂၄ နှစ် သေဆုံးပြီး၊ ကြက်ခြံပိုင်ရှင် ဦးအုန်းဟန် အသက် ၃၇ နှစ်နှင့် လိပ်ပြာသိန်းသောင်းကျေးရွာနေ ကိုဇင်လင်းထက် အသက် ၂၄ နှစ်တို့ ဒဏ်ရာရရှိကာ လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းပေါက်ကွဲမှုအပြီးမှာ ခြံအတွင်းက လက်လုပ်မိုင်း ၅ လုံး၊ ဒီတိုနေတာ ၃၀ ခု၊ ယမ်းကြိုး (အမြန်) ၂၇ မီတာနှင့် ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသခံ န.စ.က အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း သဲကုန်းမြို့နယ်ထဲက ကြို့ရပ်သာကျေးရွာတွင် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုကြောင့် ညီအစ်ကို နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...
August 3, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC...