လှိုင်းဘွဲမြို့နယ်၊ တာပေါင်ရွာသားများ ပေါ်တာဆွဲခံရမည်စိုး၍ ထွက်ပြေး

လှိုင်းဘွဲမြို့နယ်၊ တာပေါင်ရွာသားများ ပေါ်တာဆွဲခံရမည်စိုး၍ ထွက်ပြေး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်များ ရောက်ရှိလာသည့်အတွက် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ရွာသူရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် လှိုင်းဘွဲမြို့နယ် ထီလုံရွာမှ တာပေါင်ကျေးရွာသို့ ဝင်ရောက်လာပြီး နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းကာ ကျေးရွာအတွင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ယခုလိုပြောသည်။

၎င်းက "ဒီမနက် ၁၀ နာရီကျော်မှာ သူတို့ရောက်လာတယ်။ ပေါ်တာဆွဲတာတော့မဟုတ်ဘူး။ လူတွေက ပေါ်တာဆွဲမှာကြောက်လို့ ထွက်ပြေးကြတာပဲ။ သူတို့ အင်အားက ၄၀ ကျော် ၅၀ လောက်တော့ရှိတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဖားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးသည့်ကိစ္စနှင့်ပတ်သက်၍ အဆိုပါကျေးရွာတွင် လူငယ်များက စက်တင်ဘာ ၅ ရက်နေ့မှစ၍ ရှောင်တိမ်းနေကြသည့်အပြင် PDF လူငယ်များ ပြန်ဝင်ရောက်လာမည့်သတင်းကို အကြောင်းပြပြီး စစ်ကောင်စီတပ်များက ကျေးရွာတွင် စစ်ဆေးမှုများရှိသည်ဟုလည်း အဆိုပါဒေသခံက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် တာပေါင်ကျေးရွာ၌ အကြောင်းပြချက် အမျိုးမျိုးပြကာ ရွာအတွင်း စစ်ဆေးမှုများရှိသည်ဟု ဒေသခံများ၏ ပြောဆိုနေကြသော်လည်း စစ်ကောင်စီ၏မည်သည့်တပ်ရင်း ဖြစ်သည်ကိုမူ အတည်မပြုနိုင်ကြချေ။

အလားတူ ဖားအံမြို့တွင်လည်း စစ်တပ်ကားငယ်တစ်စီးနှင့်အတူ သစ်သားသေတ္တာများ၊ စစ်သည်အချို့ တင်ဆောင်လာသော စစ်ကားကြီး ၇ စီးမှာ ဖားအံမြို့ ကမ်းနားလမ်းမှ ပြည်နယ်လွှတ်တော်ရုံးဘက်သို့ မောင်းနှင်သွားသည်ကိုတွေ့ရကြောင်း မြင်တွေ့ခဲ့ကြသူများက ပြောသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...