ကော့ကရိတ် အချုပ်ခန်း အဖောက်ခံရပြီး အချုပ်သားများ ထွက်ပြေး

ကော့ကရိတ် အချုပ်ခန်း အဖောက်ခံရပြီး အချုပ်သားများ ထွက်ပြေး
by -
မဇ္ဈိမ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ အချုပ်ခန်းအဖောက်ခံရပြီး အချုပ်သား ၆ ယောက် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ကော့ကရိတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ပြောသည်။

အချုပ်ခန်းဖောက်ထွင်းသူ  ရ ယောက်အနက် ၁ ယောက်ကို ပြန်မိထားပြီး လွတ်မြောက်သူ ၆ ဦး အား လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု သူက ဆိုသည်။

"အချုပ်သား ရ ယောက်ပါ၊ ၆ ယောက်လွတ်တယ်၊ ၁ ယောက် ပြန်မိတယ်။ မနေ့က ညက ဖောက်တာ ၁၀ နာရီလောက်ပါ" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသူများသည် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်ပြီး အချုပ်ဆောင်ခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ၄င်း၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးထုတ်စစ်ဆေးခဲ့သည့် အမျိုးသမီးတစ်ဦးကို ဘားအံ- ကော့ကရိတ်လမ်း ပေါ်တွင် အရပ်ဝတ်လက်နက်ကိုင်အချို့မှ ရဲတပ်ဖွဲ့ဝင်အချို့အား တိုက်ခိုက်ပြီး အဆိုပါအမျိုးသမီးကို လုယူခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...