KIO က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် လုပ်ဆောင်နေသော လက်ရှိ နိုင်ငံရေးအခြေအနေများကို ရှင်းလင်း

KIO က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် လုပ်ဆောင်နေသော လက်ရှိ နိုင်ငံရေးအခြေအနေများကို ရှင်းလင်း
by -
မဇ္ဈိမ
Photo: Hkun Aung Nlam FB
Photo: Hkun Aung Nlam FB
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ လုပ်ဆောင်နေသော လက်ရှိ နိုင်ငံရေး အခြေအနေများ ပတ်သက်၍ လိုင်ဇာမြို့၊ ပဒန်ခန်းမတွင် ဇွန်လ ၃ ရက်နေ့က ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

KIO ဒုဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လက လက်ရှိ KIO ၏ နိုင်ငံရေးလမ်းစဉ်ဖြစ်သော မြောက်ပိုင်း မဟာမိတ် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံရေး ဆွေးနွေးသွားရန်နှင့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံ တက်ရောက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းခဲ့သည်ဟု KIO ၏ ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကေအိုင်အိုရဲ့ နိုင်ငံရေးလမ်းစဉ်ကို တင်ပြဆွေးနွေးတဲ့ အခမ်းအနားလို့ ပြောတာပေါ့။ ကျွန်တော်တို့ ကေအိုင်အို ဒုဥက္ကဋ္ဌ အနေနဲ့ အခုလောလောဆယ် ကေအိုင်အိုရဲ့ အခြေအနေတွေကို ရှင်းလင်းတယ်။ အဓိက မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ နိုင်ငံရေး လျှောက်လှမ်းဖို့ ပြင်ဆင်ထားတဲ့အကြောင်းတွေ၊ ၂၁ ရာစုပင်လုံ ညီလာခံမှာ ကေအိုင်အို ကိုယ်စားလှယ် အနေနဲ့တက်တာ မဟုတ်ဘူး။   မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ တက်တဲ့အကြောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆုံစားပွဲမှာ တွေ့ဆုံရတဲ့အကြောင်းတွေ ရှင်းပြပါတယ်။ တခြား ထူးထူးထွေထွေ မပြောဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

“ညီလာခံမှာ စာတမ်းတင်ပြတဲ့အပိုင်း မပါဘူးဆိုတော့ လာရောက်တဲ့အကြောင်းတွေပဲ ပြောပြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့့တွေ့တော့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တာ မပြောဘူးတဲ့ ၊သူတို့ ကလေးတွေရဲ့ ပညာရေးကိစ္စတွေ၊ မိသားစု ပုံစံနဲ့ ပြောတဲ့စကားပါ။ အဲလောက်ပဲ ပြောတယ်”ဟု သူက ဆက်ပြောသည်။

ထို့ပြင် အစိုးရဘက်မှ မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး မြောက်ပို်င်း မဟာမိတ်အဖွဲ့နှင့် အစိုးရတို့ မကြာမီ တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိပြီး   တွေ့ဆုံနိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း တင်ပြခဲ့သည်ဟု သူက ပြောသည်။

မြောက်ပိုင်း မဟာမိ်တ်အဖွဲ့များနှင့် ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အောက်ခြေတပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လူထုအား ရှင်းလင်းခြင်း ဖြစ်ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရ ဖွဲ့တို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီတွင် KIO ပါဝင်ခဲ့သည်။

ထိုရှင်းလင်းပွဲသို့ KIO မှ ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ခရစ်ယာန် ဂိုင်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ကချင်လူထု ကိုယ်စားလှယ်များ အပါအဝင် ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့ ရှင်းလင်းပွဲ လုပ်နေချိန်တွင် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တွင် ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIO သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက် စာတင်ထားပြီး ၄င်းနုတ်ထွက်စာနှင့် ပတ်သက်၍ ဇွန်လလယ်တွင် ကျင်းပမည့် UNFC ညီလာခံတွင် ဆုံးဖြတ်မည် ဖြစ်သည်။

KIO က ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နုုတ်ထွက်လုုိက်ပြီ ဖြစ်ကြောင်း၊ မြောက်ပုုိင်း မဟာမိတ်အဖွဲ့နှင့်ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးရေး ဆက်သွားရန်နှင့် ၂၁ ရာစုုပင်လုံု ညီလာခံ တက်ရောက်ခဲ့ရသည့်အကြောင်း စသည့် အချက် ၃ ချက်ကုုိ ရှင်းလင်းခဲ့သည်ဟုု ရှင်းလင်းပွဲ တက်ရောက်လာသူ တစ်ဦးက ပြောသည်။

“ကေအုုိင်အုုိက မြောက်ပုုိင်းမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းလုုိက်လုုိ့ ယူအန်အက်ဖ်စီကနေ ထွက်ရတယ်၊ ဝ ရဲ့ ဦးဆောင်မှုနဲ့ ဆက်သွားမယ်။ ဒါပေမဲ့ သူတိုု့ ဆုံုးဖြတ်အတုုိင်း လုုိက်သွားမှာ မဟုုတ်ဘူး။ အလုုပ်အတူတူလုုပ်တာဖြစ်တယ်။ ၂၁ ညီလာခံ တက်တာကလည်း သူချင်းမုုိင်မှာ ရောက်နေတုုန်း သူ့ကုုိ ဝ ခေါင်းဆောင်က ကေအုုိင်အုုိကုုိ ခေါင်းဆောင်အဖြစ် တက်ရောက်ဖုုိ့ ဖုုန်းဆက် လာတယ်။ ဒေါ်အောင်ဆန်းစုုကြည်နဲ့ တွေ့တဲ့အချိန် နုုိင်ငံရေးနဲ့ ပတ်သက်လိုု့ ဘာမှ မပြောဘူးလုုိ့ ပြောတယ်”ဟုု သူက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပမည့် UNFC ညီလာခံတွင် KIO ကုုိယ်စားလှယ် ၂ ဦး စေလွတ်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆုုိခဲ့သည်ဟုု သူက ပြောသည်။

Most read this week

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...