အကြမ်းဖက်မှုပုဒ်မဖြင့် (၂) နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်လူငယ် ၄ ဦးလွတ်မြောက်

အကြမ်းဖက်မှုပုဒ်မဖြင့် (၂) နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်လူငယ် ၄ ဦးလွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂ (က) ဖြင့် ၂ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို ဟနေ့ စက်တင်ဘာလ ၉ နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယင်းသို့ လွတ်မြောက်လာသူများမှာ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေ (၃၃) နှစ်၊ ရသေ့တောင်မြို့နယ်၊ အောင်သစ္စာကျေးရွာမှ ကိုနေလင်းထွန်း (၁၉) နှစ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ကိုဇော်နိုင်ဝင်း (၁၉) နှစ်နှင့် ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေး (၂၂) နှစ်တို့ဖြစ်သည်။

၄င်းတို့လေးဦးနှင့်ပတ်သက်၍ တရားစွဲအဖွဲ့အစည်းက တရားဝင် ရုပ်သိမ်းလွှာတင်လာသည့်အတွက် ယခုကဲ့သို့ အမှုကိုရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းကပြောသည်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုက ဥပဒေအကြံပြုချက်နဲ့ တရားစွဲဆိုရတာဖြစ်တာကြောင့် တရားရုံးကို ရုပ်သိမ်းလွှာတင်လာပေမယ့် တရားစွဲအဖွဲ့အစည်းအဆင့်ဆင့်ကိုသွားပြီးမှ အဲဒီအဖွဲ့အစည်းတွေကလည်း ရုပ်သိမ်းလွှာအပေါ်မှာ ခွင့်ပြုရတာဖြစ်တဲ့အတွက် တရားရုံးက ရုပ်သိမ်းခွင့်ပြုတဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်တယ်” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

ကိုမောင်ချေအပါအဝင် ဖမ်းဆီးခံရသူလေးဦးတို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကိုမောင်ချေ၏ကားဖြင့်စီးနင်းလိုက်ပါရာကာကနေ ပုဏ္ဏားကျွန်းမြို့ရဲစခန်းအနီးမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက်၄င်းတို့လေးဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က) နှင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

လွတ်မြောက်လာသူထဲမှ ကိုဇော်နိုင်ဝင်းက “ကျွန်တော်တို့ အခုလိုအပြစ်မရှိဘဲ အကြာကြီးဖမ်းဆီးခံရတဲ့အတွက် အရမ်းကိုဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့လို ဖမ်းဆီးခံရသူတွေလည်းအထဲမှာ အများကြီးရှိသေးတယ်။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်” ဟု ပြောသည်။

ကိုမောင်ချေအပါအဝင် လေးဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် (၂) နှစ်ခန့်ကြာ တရားရင်ဆိုင်ပြီးနောက် ယနေ့တွင်ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

နှစ်အရှည်ကြာ ဖမ်းဆီးခံထားခဲ့ရသည့်အတွက် အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ထိုသို့ပြန်လည်လွတ်မြောက်လာသဖြင့် ဝမ်းသာကြောင်း ကိုမောင်ချေ၏ မိခင် ဒေါ်မအောင်သိန်းက ပြောသည်။

“ကျွန်မသားဖမ်းဆီးခံရတော့ လူပင်ပန်းစိတ်ပင်ပန်းနဲ့ အမျိုးမျိုးအခက်အခဲဖြစ်ခဲ့ရတယ်။ အခုလိုပြန်လွှတ်လာတော့ အရမ်းဝမ်းသာတယ်။ ဒီလိုမျိုးပြန်လွှတ်စေချင်တာကြာပြီ။ လွှတ်မယ့်နေ့ကိုလည်းမျှော်နေတာကြာပြီ” ဟု ဒေါ်မအောင်သိန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလအတွင်း အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းအရ သိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသူများထဲမှ အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

လက်ရှိတွင်လည်း ရခိုင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်ဖြင့် တရားစွဲခံထားရသည့်သူများထဲမှ အမှုအချို့ကိုလရတ်ပေးရန်ရှိကြောင်း ပြည်နယ်ကောင်စီအဖွဲ့အဝင် ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက သြဂုတ်လ ၃၁ ရက်နေ့က သူ့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...