မလိုအပ်ရင် အခြေခံစားကုန် ဝယ်ယူ၊စုဆောင်းတာတွေ မလုပ်ဖို့ ကုန်သည်တွေ သတိပေး

မလိုအပ်ရင် အခြေခံစားကုန် ဝယ်ယူ၊စုဆောင်းတာတွေ မလုပ်ဖို့ ကုန်သည်တွေ သတိပေး

မွန်ပြည်နယ်အတွင်းက ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အခြေခံစားကုန် ဝယ်ယူ၊ စုဆောင်းတာတွေ မလုပ်ကြဖို့ ကုန်သည်တွေက သတိပေးလိုက်ပါတယ်။

ပြည်နယ်အတွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးကတည်းက တဖြည်းဖြည်း မြင့်တက်လာခဲ့တာ ဖြစ်ပြီး စက်တင်ဘာလအရောက်မှာ ကုန်ပစ္စည်းအချို့ စံချိန်တင်ဈေးနှုန်း မြင့်တက်လာမှုနဲ့ ကြုံတွေ့နေရပါတယ်။

ယိုဒယားက ဝယ်ယူတင်သွင်းနေရတဲ့ စာသုံးဆီ၊ ခြောက်ဆွဲခြောက်နဲ့ အချိုမှုန့်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းအချို့ စံချိန်တင်မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကုန်ပစ္စည်းတွေက အကုန်ဈေးတက်တယ်၊ အဓိကက ဒေါ်လာဈေးနဲ့ ဘတ်ဈေးတွေ ဆက်တိုက်နေလို့ ဈေးနှုန်းတက်နေတာ၊ ဖြစ်နိုင်ရင်ပြည်သူတွေအနေနဲ့ ဝယ်ယူစုဆောင်းတာမလုပ်ဖို့လိုတယ်” လို့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယိုးဒယာစားသုံးဆီ တစ်ပုံးဟာ ပြီးခဲ့တဲ့ကာလတွေ နှိုင်းယှဉ်ရင် ကျပ် ၈၀၀၀ ကနေ ၁၂၀၀၀ ကျော်ထိ စံချိန်တင်ဈေးနှုန်းမြင့်တက်လာနေသလို အချိုမှုန့်ဆိုရင်လည်း တစ်အိတ် ကျပ် ၁၀၀၀၀ နီးပါးထိ ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

ဆန်ဈေးနှုန်းကလည်း အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ ၆၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ဈေးဝယ်စင်တာတွေနဲ့ အခြေခံစားသောက်ကုန် ရောင်းချတဲ့ဆိုင်တွေမှာ အပြိုင်အဆိုင်တိုးကြိတ် ဈေးဝယ်နေတာမျိုးမရှိပေမယ့် ပုံမှန်လာဝယ်နေကျဦးရေထက် သုံးပုံတစ်ပုံလောက်တိုးလာတာ ဖြစ်ပါတယ်။

“မနေ့မနက်ကစပြီး လာဝယ်တဲ့သူတွေက ပုံမှန်လာဝယ်နေကြထက်ကို နည်းနည်းပိုလာတယ်။ အရမ်းတိုးကြိတ်နေပြီးတော့ အလှည့်ရဖို့ စောင့်နေလိုက်ရတာ၊ အဲလိုအခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ခါတိုင်း တနေ့ကို ၁၀ ဦးပုံမှန်လာဝယ်နေကျဆိုရင် ၁၅ ဦးလောက်ဖြစ်သွားတယ်” လို့ ကုန်စည်လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်ရတာဟာ ပြည်သူတွေရဲ့ ဝယ်လိုအားအပေါ်မှာ တိုက်ရိုက်အချိုးကျနေသလို ဝယ်လိုအား ဆက်တိုက်မြင့်တက်လာရင် ဈေးကွက်အတွင်း ကုန်ပစ္စည်းတွေ ပြတ်လတ်လာနိုင်ပါတယ်။

”လူတွေက စိုးရိမ်စိတ်လွန်ကဲပြီးတော့ လိုအပ်တာထက်ပိုပြီး အဆမတန် ဝယ်ယူစုဆောင်းထားမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်လာမယ်။ အဲလိုပြတ်လပ်လာရင် ဈေးနှုန်း တက်ကောင်းတက်လာနိုင်တယ်” လို့ ကုန်စည်လက်လီးရောင်နေသူတစ်ဦးက ဆိုပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ သွင်းအားစု ကုန်စည်တွေ ဈေးနှုန်းမြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာငွေတန်ဖိုး ဆက်တိုက်မြင့်တက်လာတာ၊ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ကုန်ဈေးနှုန်း အမြန်ဆုံးကျဆင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆိုထားပေမယ့် လက်တွေ့မှာ ကုန်ဈေးနှုန်း ကျဆင်းခြင်းမရှိဘဲ ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...