အရပ်ဝတ်ဖြင့်ရုံးတက်ပြီး NUG ရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်အစီရင်ခံဖို့ ညွှန်ကြား

အရပ်ဝတ်ဖြင့်ရုံးတက်ပြီး NUG ရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်အစီရင်ခံဖို့ ညွှန်ကြား

အာဏာသိမ်းစစ်ကောင်စီက အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို ပုံမှန်အတိုင်း ရုံးတက်အလုပ်လုပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်စပ်တဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်မှု၊ လှုပ်ရှားနေမှုတွေကို နေ့စဉ်တင်ပြဖို့ကို စက်တင်ဘာ ၈ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှာ NUG အစိုးရက ပြည်သူ့တော်လှန်ရေးစတင်ပြီးဖြစ်ကြောင်း ကြေညာမှုနဲ့အတူ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများအားလုံး ရုံးတက်ခြင်းမပြုကြဖို့ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဝန်ထမ်းတွေကို အရပ်ဝတ်ဖြင့် ရုံးတက်ကြဖို့နှင့် ရုံးမတက်တဲ့သူတွေကို နေအိမ်မှာသွားခေါ်ပြီး ရုံးတက်ခိုင်းကြဖို့ ညွှန်ကြားလာတာဖြစ်ပါတယ်။

”ဒီမနက်မှာပဲ ညွှန်ကြားလာတယ်။ ဝန်ထမ်းတွေ မပျက်မကွက် ပုံမှန်ရုံးတက်နေကြဖို့၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရုံးလာမတက်တဲ့သူတွေကို သူတို့နေအိမ်မှာ သွားခေါ်ပြီး ရုံးတက်အလုပ်လုပ်ကြဖို့ရယ်၊ နောက်တခုက NUG အစိုးရနဲ့ဆက်စပ်တဲ့ အဖွဲ့တွေရဲ့လှုပ်ရှားမှု၊ ထုတ်ပြန်မှုတွေကို စောင့်ကြည့်မှတ်တမ်းရယူထားပြီး နေ့စဉ်တင်ပြနိုင်ဖို့ ပြည်နယ်ကော်မတီဖွဲ့ထားတယ်။ အဲလိုတင်ပြနိုင်ဖို့ မြို့နယ်အလိုက်က ဝန်ထမ်းတွေကို စောင့်ကြည့်နေဖို့လည်း ညွှန်ကြားထားတယ်။” ဟု Non–CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်သတင်းဌာနကို ပြောပါတတယ်။

စစ်ကောင်စီက ဌာနလုပ်ငန်းလည်ပတ်မှု ပြတ်တောက်သွားမှာကို စိုးရိမ်မှုတွေကြောင့် ကိုဗစ်ကာလ ရုံးပိတ်ရက်အဖြစ်ကြေညာခဲ့တဲ့ ဇူလိုင်လကတည်းက လက်ရှိအချိန်ထိ ဝန်ထမ်းတွေကို ပုံမှန်အတိုင်း ရုံးပြန်တက် အလုပ်ဆင်းခိုင်းနေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တဖက်မှာတော့ CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်မယ်ဆိုရင် အရေးမယူလို့ ကြေညာထားပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...