ဟားခါးမြို့တွင် မနေ့ည ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူရှိပြီး အဆောက်အဦးအချို့ လက်နက်ကြီးကြောင့်ပျက်စီးမှုများရှိနေ

ဟားခါးမြို့တွင် မနေ့ည ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူရှိပြီး အဆောက်အဦးအချို့ လက်နက်ကြီးကြောင့်ပျက်စီးမှုများရှိနေ

စက်တင်ဘာ ၇ ရက်နေ့ည ၁၀ နာရီခန့်တွင် ဟားခါးမြို့တွင်း ပစ်ခတ်မှုများကြောင့် ပြည်သူတစ်ဦး ပုခုံးတွင် ဒဏ်ရာရှိခဲ့ကာ နေအိမ်အချို့ လက်နက်ကြီးကြောင့် ပျက်စီးမှုများရှိနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဟားခါးမြို့တွင် ည ၁၀ နာရီခန့်က ဟားခါးမြို့တွင်းတွင် သေနတ်ပစ်ခတ်သံများ ဗုံးပေါက်ကွဲသံများကြားနေရပြီး စုစုပေါင်း အချက် ၂၅ ချက်ခန့်ကြားနေရပြီး လက်နက်ကြီးသံ ၄ ခါခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ နေအိမ် ၆ အိမ်ခန့် ပျက်စီးမှုများရှိနေပြီး ဒဏ်ရာရသူတစ်ဦးရှိကြောင်း သိရသည်။

ဟားခါးမြို့ စျေးသစ် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးရုံး၊ မြန်မာ့စိီးပွားရေးဘဏ်နှင့် စုပေါင်းရုံးဘက်တွင် ပစ်ခတ်သံများဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

"ကျနော်တို့ သေနတ်သံတွေကြားတော့ မှောက်ပြီးနေတယ်၊ အိမ်က ပျဥ်တွေတောင်ဖောက်ပြီး ကျနော့်အဖေရဲ့ လက်မောင်းဘက်ကို ထိသွားတယ်၊အခုတော့ စိုးရိမ်စရာမရှိဘူး" ဟု ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အထိအခိုက်များနေကြောင်း သိရသည်။

"ကျနော်တို့အိမ်ကတော့ တော်တော်လည်း ပျက်စီးသွားတယ်၊ အိမ်နားကအိမ်တွေလည်း တော်လည်းထိသွားတယ်" ဟု ဒေသခံတစ်ဦးမှ ပြောသည်။

လက်ရှိဖြစ်စဥ်နှင့်ပတ်သတ်ပြီး စစ်ကောင်စီတပ်နှင့် အခြားအဖွဲ့ ပစ်ခတ်မှုများဖြစ်/မဖြစ် မသိရသေးပဲ ဒေသခံအချို့မှာ ၂ ဖက်တိုက်သည်ဟု ယူဆကြကြောင်းလည်း သိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...