KNU တပ်မဟာ ၄ တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူ

KNU တပ်မဟာ ၄ တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၊ လယ်မူ လားမြို့နယ် (ပုလောမြို့နယ်)၊ ပုလောနယ်မြေထဲတွင် ယနေ့ စက်တင် ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အချိန်အတန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ နယ်မြေထဲကို တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇ နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

သူမက “ဒီမနက်က စပြီး ပနာမီ (ဒူးရင်းပင်ရှောင်) ကျေးရွာလမ်းထိပ် ပနဲတောင်နဲ့ ကျောင်းနိပ် နေရာမှာ ဖြစ်ပွားနေတယ်။ ဗမာစစ်သားတွေကတော့ အများကြီးပဲ ကရင်ဖက်ကတော့ နည်းတယ်။ အခုထိပစ်နေတုန်းပဲ။ ပစ်ခတ်မှုကြောင့် ရွာသား အချို့ပြေးကြပြီ။ အချို့က ရွာမှာကျန်နေသေးတယ်။” ဟု နံနက် ၁ဝ ခွဲကျော်တွင် ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအပြည့် တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃၀ ခန့်သည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ထီးခီးဘက်သို့ ချီတက်သွားသလို ပုလောမြို့ဘက်တွင်လည်း စစ်ကောင်စီ တပ်သားအပြည့် တင်ဆောင်ထားသည့် စစ်ကားအစီးရေ ၄၀ ခန့် သွားလာလှုပ်ရှားနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုတိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် ပြောခွင့်ရသူ ပဒိုစောဖလော်စိုးဝင်းက ”သူတို့က PDF ရှိတယ်လို့ ယူဆတဲ့နေရာကို လိုက်ရှာတာ၊ အဲဒီနေရာတစ်ခုထဲမဟုတ်ဘူး။ အဲလိုလိုက်ရှာရင်း ထိပ်တိုက်တွေ့ ဆုံတာဖြစ်နိုင်တယ်။ အသေးစိတ်ကိုတော့ အောက်ခြေက သတင်းပို့လာတာမရှိသေးဘူး။ PDF ပါ/မပါတော့မသိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်မှ ကေအဲန်ယူနယ်မြေထဲသို့ ဆက်လက်ဝင်ရောက်လာမည်ဆိုပါက ပစ်ခတ်တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိသည်ဟု လည်း ပဒိုစောဖလော်စိုးဝင်းက ဆက်ပြောသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ တော်လှန်ရေးစတင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီအပေါ် စစ်ကြေညာသည့်နေ့လည်းဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...