မဲဆောက်တွင် သီတင်းသုံးနေထိုင်သည့် မြန်မာသံဃာတော်များအား ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

မဲဆောက်တွင် သီတင်းသုံးနေထိုင်သည့် မြန်မာသံဃာတော်များအား ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

ထိုင်းနိုင်ငံ ကျန်းမာရေးဌာန၏ အစီအစဉ်ဖြင့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တော်တိုက်နယ်တွင် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံအတွင်း သီတင်းသုံး နေထိုင်လျက်ရှိသည့် မြန်မာသံဃာတော်များအား ဦးစားပေးအနေဖြင့် Covid-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာ-ထိုင်း သံဃာတော်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် ထိုင်းပြည်သူ (၄၀၀) ဦးကို အခမဲ့ ထိုးပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူများအား လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ၍ ထိုးနှံပေးသွားမည်ဟု ဆေးထိုးရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံ၌ Covid-19 ကာကွယ်ဆေးကို ထိုင်းရောက် ရွှေပြောင်းမြန်မာ အလုပ်သမား (၅၀၀၀) ဦးနီးပါးအား သြဂုတ်လ ၁၇ ရက်နေ့မှစတင်၍ အခမဲ့ထိုးပေးခဲ့ပြီး ယင်းတို့အား စက်တင်ဘာလ ၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးပေးသွားမည်ဟု သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...