အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည့် KNU ရပ်တည်ချက်အပေါ် ကရင်လူငယ်ထောက်ခံ

အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည့် KNU ရပ်တည်ချက်အပေါ် ကရင်လူငယ်ထောက်ခံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးမှ အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ရပ်တည်ချက်အပေါ် ကရင်လူငယ်အချို့ ထောက်ခံကြောင်း လူမှုကွန်ရက်များပေါ်တွင် လှုပ်ရှားမှုဓာတ်ပုံ (Campaign Photo) များ ပြုလုပ်ခဲ့ကြသည်။

ကေအဲန်ယူ၏ ဦးဆောင်မှုနောက်တွင် ကရင်လူငယ်များ အမြဲရှိနေသည်ကို ပြသချင်သည့်အပြင် အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်သွားမည်ကိုလည်း KNU ၏ ပေါ်လစီထဲတွင်ရှိထားပြီးသားဖြစ်သည့်အတွက် လူထုများသိစေရန် Campaign Photo လုပ်ကာ ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဦးဆောင်ပါဝင်သူ ကရင်လူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တာက KNU ရဲ့ လမ်းစဉ်လုပ်ငန်းစဉ်တွေထဲမှာလည်း ပါပြီးသားဖြစ်တယ်။ KNU ထုတ်ပြန်ချက်ဟာ နဂိုရှိနေပြီးသား ပေါ်လစီကို ပြန်ချပြတာလို့ပဲထင်တယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေကလည်း အားလုံးမသိဘူး။ ဒီ KNU ပေါ်လစီဟာ သူတို့အတွက် ဒီအချိန်မှာ မျှော်လင့်ချက်ဖြစ်မယ်၊ အားအင်တွေလည်း ဖြစ်မယ်ပေါ့။ အဲဒီအတွက် ကျနော်တို့က ဒီထက်ပိုပြီး အင်အားကောင်းဖို့က ကျနော်တို့ ထောက်ခံတယ်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူငယ်များအနေဖြင့် KNU ထုတ်ပြန်သည့် သဘောထားရပ်တည်ချက်နှင့်ပတ်သက်၍ ထောက်ခံကြိုဆိုကြောင်း ပြသလိုပါက မည်သည့် စာသားနှင့်မဆိုရေးပြီး Campaign Photo လှုပ်ရှားမှုတွင် ပါဝင်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကေအဲန်ယူ၏ သဘောထားရပ်တည်ချက်ထဲတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲသွားမည့်အပြင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူမဆို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်မှုနှင့် တရားမျှတမှု ရရှိရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီထောက်ခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းယူမှုနှင့်ပတ်သက်၍ လက်မခံကြောင်းကို စစ်အာဏာသိမ်းယူပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကေအဲန်ယူဗဟိုမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သလို လက်ရှိအချိန်တွင်လည်း အာဏာသိမ်းစစ်တပ်၏ ဖိနှိပ်မှုဒဏ်ကြောင့် တိမ်းရှောင်လာသူများကို ကေအဲန်ယူက ၎င်းတို့ ထိန်းချုပ်နယ်မြေထဲတွင် ခိုလှုံခွင့်ပေးထားသည်ဟု သိရသည်။

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...