သံတွဲမှ နက္ခတ်ဗေဒပညာရှင်တစ်ဦးအား အမည်မသိသူတစ်ဦးက ULA/AA အမည်ကိုသုံး၍ ခြိမ်းခြောက်

သံတွဲမှ နက္ခတ်ဗေဒပညာရှင်တစ်ဦးအား အမည်မသိသူတစ်ဦးက ULA/AA အမည်ကိုသုံး၍ ခြိမ်းခြောက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကင်းမော်ကျေးရွာတွင်နေထိုင်သော နက္ခတ်ဗေဒပညာရှင်  ဦးခင်မောင်နိုင်အား ULA/AA အမည်သုံးပြီး မသမာသူတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ဦးခင်မောင်နိုင် (၅၅ နှစ်) ကို ယမန်နေ့ စက်တင်ဘာလ ၅ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ၀၉-၆၆၀-၂၅၆-၃၂၄ နံပါတ်ဖြင့် လူတစ်ဦးက ဖုန်းဆက်လာကာ ၎င်း၏လုပ်ရပ်များကို ဆက်မလုပ်ဘဲ ရပ်တန်းမှရပ်ရန်နှင့် မရပ်ပါက ကျည်တစ်တောင့်နှင့် စာတစ်ရွက်ပို့လိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ခြိမ်းခြောက်ခံရသူက နိရဥ္စရာကိုပြောသည်။

“ULA/AA က ရက္ခိတလမ်းစဉ်ကဆိုပြီး ဒီတိုင်းဆက်မသွားနဲ့၊ ရပ်တန်းကရပ်ပေးဆိုပြီး မဟုတ်ရင် ကျည်တစ်တောင့်နဲ့ စာရွက်ပို့လိုက်မယ်တဲ့။ ခြိမ်းခြောက်တဲ့သူကို နည်းနည်းရိပ်မိတာက စာပေသမား အသက် ၅၀ လောက်ရှိမယ်။ ဖုန်းနံပါတ်က MYTEL ကဆိုတော့ မှတ်ပုံတင်ထားတာလားကြည့်နိုင်ရင် သိမယ်ထင်တယ်။” ဟု ပြောသည်။

ခြိမ်းခြောက်ခံရသော နက္ခတ်ဗေဒပညာရှင် ဦးခင်မောင်နိုင်ကို ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပတ်သက်ပြီး အဆိုးအကောင်း တစ်စုံတစ်ရာပြောဆိုခဲ့မှုမရှိဘဲ ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

“ULA/AA ကိုပဲ ထိခိုက်အောင်၊ သိက္ခာကျအောင်လုပ်တာလို့ပဲ မြင်ပါတယ်။ ကျနော်က ဥပဒေဘောင်ထဲမှာပဲနေတဲ့အတွက် ကျနော့်အတွက် ထိခိုက်မှုမရှိပါဘူး။” ဟု ဦးခင်မောင်နိုင်က ပြောသည်။

သူသည် စစ်ဘေးရှောင်စခန်းများတွင် စာသင်ပြပေးပြီး လူမှုရေး ပရဟိတများတွင် လုပ်ဆောင်ပေးသူတစ်ဦးဖြစ်သည့်အတွက် ယခုခြိမ်းခြောက်မှုအပေါ် စိုးရိမ်မှုလည်းမရှိဟု ပြောသည်။

ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားခြင်းလည်းမရှိဟု ဆိုသည်။

ဓာတ်ပုံ - နက္ခတ်ဗေဒပညာရှင်  ဦးခင်မောင်နိုင်အား တွေ့ရစဉ်။

 

 
 

 

 

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...