တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး

တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး



ချင်းပြည်နယ် တီးတိန်မြို့ မြို့မရဲစခန်းက နယ်ထိန်း ဒု-ရဲအုပ် စက်တင်ဘာလ ၄ ရက်ေန့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း တီးတိန်မြို့ဒေသခံများထံမှ သိရသည်။



"စနေနေ့ကပေါ့ တီးတိန်ကြိုဆိုပါ၏ ကားနဲ့သွားပြီးတော့မှ ဓာတ်ဆီသွားဖြည့်တယ်ထင်တယ် အဲဒီအပြန်မှာ အပစ်ခံရတယ် ဒဏ်ရာရပြီးတော့ စခန်းထိတော့ရောက်တယ် အဲဒီကနေ မနေ့က ကလေးမြို့ပို့ဖို့ အဲဒီကြိုဆိုပါ၏ မရောက်ခင်မှာ ဆုံးသွားတယ်လို့သိရတယ်" ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။



သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဒု-ရဲအုပ်သန်းလင်းဦးဟုသိရပြီး ကျည်ဆံ ၃ ချက်ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။



ဒု-ရဲအုပ်အား သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုမူ မသိရသေးပေ။



တီးတိန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်ကလည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား ၃ ဦးကို အမည်မသိလက်နက်ကိုင်သူများက သေနတ်ဖြင့်ပစ်ခတ်သေဆုံးခဲ့သည်။



ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 
 
 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...