တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး

တီးတိန်မြို့ရဲစခန်းမှ ဒု-ရဲအုပ် သေနတ်ပစ်ခံရပြီး သေဆုံး



ချင်းပြည်နယ် တီးတိန်မြို့ မြို့မရဲစခန်းက နယ်ထိန်း ဒု-ရဲအုပ် စက်တင်ဘာလ ၄ ရက်ေန့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း တီးတိန်မြို့ဒေသခံများထံမှ သိရသည်။



"စနေနေ့ကပေါ့ တီးတိန်ကြိုဆိုပါ၏ ကားနဲ့သွားပြီးတော့မှ ဓာတ်ဆီသွားဖြည့်တယ်ထင်တယ် အဲဒီအပြန်မှာ အပစ်ခံရတယ် ဒဏ်ရာရပြီးတော့ စခန်းထိတော့ရောက်တယ် အဲဒီကနေ မနေ့က ကလေးမြို့ပို့ဖို့ အဲဒီကြိုဆိုပါ၏ မရောက်ခင်မှာ ဆုံးသွားတယ်လို့သိရတယ်" ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။



သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဒု-ရဲအုပ်သန်းလင်းဦးဟုသိရပြီး ကျည်ဆံ ၃ ချက်ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။



ဒု-ရဲအုပ်အား သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုမူ မသိရသေးပေ။



တီးတိန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်ကလည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား ၃ ဦးကို အမည်မသိလက်နက်ကိုင်သူများက သေနတ်ဖြင့်ပစ်ခတ်သေဆုံးခဲ့သည်။



ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 
 
 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...