နယ်မြေကျော်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ (၁) ကြား တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရ

နယ်မြေကျော်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ (၁) ကြား တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု လယ်တောကြီး (ငှက်ပျောတော) ကျေးရွာအနီးတွင် စက်တင်ဘာ ၃ ရက် နံနက်တွင် စစ်ကောင်စီတပ်မှ နယ်မြေကျော်လာသည့်အတွက် KNLA တပ်မဟာ (၁) ကြားတိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်ဘက်တွင် (၃) ဦးကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ယနေ့နံနက် (၆) နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၂၀၁) တပ်ဖွဲ့မှ လယ်တောကြီး (ငှက်ပျောတော) ကျေးရွာအနီးတွင် အသိပေးအကြောင်းကြားခြင်းမရှိဘဲ တက်လာသည့်အတွက် KNLA တပ်ရင်း ၁ တပ်ခွဲ-၂ နှင့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU ဖားအံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ထိပ်တိုက်တွေ့တော့ ပစ်ခတ်ကြတာဘဲ။ စစ်ကောင်စီတပ်ဘက်က အင်အား ဘယ်လောက်အထိပါလဲတော့ မသိလိုက်ဘူး။ ပြီးတော့ သူတို့ဘက် အလောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့လူတွေကို လာသယ်ပြီး ကမမောင်းဆေးရုံကို ပို့လိုက်တယ်။ သူတို့တပ်ဖွဲ့တွေက အဲဒီနေရာမှာပဲရှိသေးတယ်။ ကော်သူးလေနယ်မြေမှာ ဝင်/ထွက်သွားလာတဲ့အခါ အသိပေးရင်တော့ ကော်သူးလေဘက်က တစ်မျိုးတော့ လုပ်ပေးမှာပေါ့။ အခုက ဘာမှမပြောဘဲလာတော့ ဒီလိုပစ်ခတ်မှုဖြစ်တာပေါ့” ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် KNLA တပ်မဟာ ၁ ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ထိုဖားအံခရိုင်တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း တကောင်ဘိုးကျေးရွာအုပ်စု မီးပုံးရွာအနီးတွင် တပ်အင်အား ၂၀ ခန့်ဖြင့်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA တပ်မဟာ (၁) တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ (၃) ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

 
 

 

 

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...