ဝေါ်လေ-စုကလိ လမ်းခွဲရှိ အူးကရိထာ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ

ဝေါ်လေ-စုကလိ လမ်းခွဲရှိ အူးကရိထာ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ

မြဝတီခရိုင်၊ စုကလိမြို့နယ်ခွဲရှိ စစ်ကောင်စီ၏ အူးကရိထာ့စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က စက်တင်ဘာလ ၃ ရက်၊ ည ၈ နာရီကျော်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဝေါ်လေနှင့် စုကလိ လမ်းဆုံလမ်းခွဲရှိ အူးကရိထာ့ စစ်ကောင်စီတပ်စခန်းကို ၎င်းလက်နက်ကိုင်အဖွဲ့က မိနစ်အနည်းငယ်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၀၃ မှ တပ်မှူးတစ်ဦးက “ဖြစ်တာကတော့ သေချာတယ်။ ဘယ်သူတွေနဲ့ ဘယ်လိုဖြစ်လဲဆိုတာကတော့ ကျနော်တို့ သတင်းအတိအကျ မရသေးဘူးဖြစ်နေတယ်။ လိုက်လံအတည်ပြုနေတုန်းပါ” ဟု ကေအိုင်စီသို့ ပြောသည်။

နယ်စပ်သတင်းအရင်းအမြစ်အရ စစ်ကောင်စီ၏ အူးကရိထာ့တပ်စခန်းကို အဆိုပါလက်နက်ကိုင်အဖွဲ့က တက်ရောက်တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြားသိရသော်လည်း ကေအိုင်စီက အတည်မပြုနိုင်သေးပေ။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...