မုန်တိုင်းမိုရာကြောင့် အိမ်ခြေ နှစ်သောင်းခန့် ပျက်စီး

မုန်တိုင်းမိုရာကြောင့် အိမ်ခြေ နှစ်သောင်းခန့် ပျက်စီး
by -
မဇ္ဈိမ
 မေလ ၃၀ ရက်က တိုက်ခတ်ခဲ့သည့် အင်အားပြင်းဆိုင်ကလုန်း မုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အိမ်ခြေပေါင်း ၄၀၇၂ လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ခြေ ၁၃၅၉၅ လုံး တစိတ်တပိုင်း ပျက်စီးခဲ့ရသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ထိခိုက်ပျက်စီးမှုစာရင်းတွင် စာသင်ကျောင်း ၃၂၅ ကျောင်းအထိ ရှိနေပြီး ဘာသာရေး အဆောက်အဦး ၅၇ လုံး လုံးဝပျက်စီးခဲ့ကာ ၄၂၉ လုံး တစိတ်တပိုင်း ပျက်စီးခဲ့ကာ ဆေးရုံဆေးခန်း ၂၈လုံး၊ ဝန်ထမ်းအိမ်ရာ ၂၃ လုံး၊ တံတား ၃ စင်း၊ ဓါတ်တိုင် ၃၈ တိုင် နှင့် စက်လှေ ၂၂ စီး ပျက်စီးခဲ့သည်ဟု ပါရှိသည်။

မုန်တိုင်းဒဏ်ကို အများဆုံး ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်၌ အိမ်ခြေ စုစုပေါင်း ၄၆၇၉ လုံး လုံးဝပျက်စီးခဲ့ကာ ၁၃၅၂၉ လုံး တစိတ်တပိုင်း ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အများဆုံးဖြစ်ကာ အိမ်ခြေ ၃၄၆၀လုံး လုံးဝပျက်စီးကာ ၉၅၅၁ လုံး တစိတ်တပိုင်း ပျက်စီးခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဖက်ကမ်းခြေကို မေလ၂၉ရက်ညပိုင်းက စစ်တကောင်းမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်အဖျားခတ်မှုကြောင့် ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေမြို့များတွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့ရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...