ထောင်ဝင်စာပို့သူသုံးဦးကို အကြောင်းမဲ့ စစ်ကောင်စီဖမ်းဆီး

ထောင်ဝင်စာပို့သူသုံးဦးကို အကြောင်းမဲ့ စစ်ကောင်စီဖမ်းဆီး
သထုံမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဥ်
သထုံမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဥ်

သထုံမြို့ စျေးမသွယ်အကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ သူငယ်ချင်းအား ထောင်ဝင်စာသွားပို့သူ (၃) ဦးကို စက်တင်ဘာလ တစ်ရက်နေ့မှာ စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးလိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ပေါင်ဒေသခံ ကိုလှိုင်ကြည်နှင့် သူ့အလုပ်သမားနှစ်ဦးဟာ သထုံ စျေးမသွယ်အကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ သူငယ်ချင်းဆီ ထောင်ဝင်စာ သွားတွေ့ခဲ့ပါတယ်။

အဲ့ဒီနောက် ညပိုင်းထိ အိမ်ပြန်မရောက်လာလို့ မိသားစုက လိုက်လံစုံစမ်းကြည့်ရာမှာ ၄င်းတို့သုံးဦးကို သထုံမြို့ သုဝဏ္ဍဝတီရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

"စက်တင်ဘာလ ၁ ရက်နေ့က သူ့သူငယ်ချင်းတစ်ယောက် သထုံအကျဉ်းထောင်မှာ ဖမ်းခံထိလို့ဆိုပြီး ထောင်ဝင်စာတွေ့တဲ့အနေနဲ့ စားစရာပစ္စည်းသွားပို့နေကျပဲ။ အဲ့နေ့ စက်တင်ဘာ ၁ ရက်နေ့ကပဲ သထုံအကျဉ်းထောင်မှူးကိုယ်တိုင်ဖုန်းဆက်လာတယ်။ စားစရာပစ္စည်းလာပို့ရင် နေ့လည် ၁ နာရီခွဲအရောက်လာဖို့ ပြောတယ်။ သူနဲ့အလုပ်တူတူလုပ်တဲ့ ကောင်လေးနှစ်ယောက်ပါခေါ်သွားပြီးတော့ သွားကြတာပေါ့။ သထုံထောင်ရောက်တော့ အဲမှာပဲ သူ့ကို ဖမ်းလိုက်တယ်။ ကားပါသိမ်းထားလိုက်တယ်။ အခုနောက်ဆုံးအခြေအနေကတော့ သူ့ကို သုဝဏ္ဍဝတီ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ပဲ သိရထားတယ်ပေါ့။ ဘာကြောင့် ဖမ်းထားလဲတော့ မသိသေးဘူး" လို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေနဲ့ မိသားစုဝင်တွေက အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုလှိုင်ကြည်ဆိုသူမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

သထုံမြို့နယ်မှာတော့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ယခုရက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...