စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာမှာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ဆက်သွယ်ပြောဆိုပါတယ်။

မနေ့ည (၉) နာရီကျော်မှာ သဲအိမ်ကျေးရွာနေ လင်မယားနှစ်ဦး ငါးသွားရှာပြီး နေအိမ်ပြန်တဲ့လမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပစ်ခတ်ခဲ့လို့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးက သေဆုံးခဲ့ပြီး ခင်ပွန်းကတော့ သေနတ်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ညက သေနတ်သံတွေလဲကြားတယ်။ သေနတ်ဒဏ်ရာရလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးသေတယ်။ ယောင်္ကျားဖြစ်သူ ဒဏ်ရာရတယ်။ ညဘက်ကြီးဖြစ်နေတော့ ဘာကြောင့်အပစ်ခံရတယ်ဆိုတာ သေချာမပြောနိုင်ဘူး။ ကြားရသလောက်တော့ သူတို့ငါးသွားရှာလို့ တပ်က ပစ်တယ်လို့ ကြားသိရသလို ငါးရှာပြီး ပြန်လာတဲ့အချိန်မှာ သူတို့အိမ်ရှေ့အရောက်မှာ အပစ်ခံရတယ်လို့လဲကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

မည်သည့်အကြောင်းကြောင့် လင်မယားနှစ်ယောက် သေနတ်နဲ့အပစ်ခံရသည်ကို မသိရှိသေးဘဲ ဒဏ်ရာရသူ အမျိုးသားဖြစ်သူကိုလည်း မည်သည့်နေရာကို ခေါ်ဆောင်သွားမှန်း မသိရသေးဘူးလို့ ဒေသခံတွေထံက ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးမှာတော့ ၄ နှစ်အရွယ်ကလေးတစ်ဦး ကျန်ခဲ့ပါတယ်။

ယခုရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သဲအိမ်ကျေးရွာဝန်းကျင်မှာ အင်အားတိုး ကင်းပုန်းချ စစ်ဆေးတာတွေလုပ်နေပြီး အဖမ်းခံရသူတွေလည်း ရှိခဲ့ပါတယ်။

ပေါင်မြို့နယ် တောင်ရှေ့ဘက်ကျေးရွာတွေမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...