စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာမှာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ဆက်သွယ်ပြောဆိုပါတယ်။

မနေ့ည (၉) နာရီကျော်မှာ သဲအိမ်ကျေးရွာနေ လင်မယားနှစ်ဦး ငါးသွားရှာပြီး နေအိမ်ပြန်တဲ့လမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပစ်ခတ်ခဲ့လို့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးက သေဆုံးခဲ့ပြီး ခင်ပွန်းကတော့ သေနတ်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ညက သေနတ်သံတွေလဲကြားတယ်။ သေနတ်ဒဏ်ရာရလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးသေတယ်။ ယောင်္ကျားဖြစ်သူ ဒဏ်ရာရတယ်။ ညဘက်ကြီးဖြစ်နေတော့ ဘာကြောင့်အပစ်ခံရတယ်ဆိုတာ သေချာမပြောနိုင်ဘူး။ ကြားရသလောက်တော့ သူတို့ငါးသွားရှာလို့ တပ်က ပစ်တယ်လို့ ကြားသိရသလို ငါးရှာပြီး ပြန်လာတဲ့အချိန်မှာ သူတို့အိမ်ရှေ့အရောက်မှာ အပစ်ခံရတယ်လို့လဲကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

မည်သည့်အကြောင်းကြောင့် လင်မယားနှစ်ယောက် သေနတ်နဲ့အပစ်ခံရသည်ကို မသိရှိသေးဘဲ ဒဏ်ရာရသူ အမျိုးသားဖြစ်သူကိုလည်း မည်သည့်နေရာကို ခေါ်ဆောင်သွားမှန်း မသိရသေးဘူးလို့ ဒေသခံတွေထံက ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးမှာတော့ ၄ နှစ်အရွယ်ကလေးတစ်ဦး ကျန်ခဲ့ပါတယ်။

ယခုရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သဲအိမ်ကျေးရွာဝန်းကျင်မှာ အင်အားတိုး ကင်းပုန်းချ စစ်ဆေးတာတွေလုပ်နေပြီး အဖမ်းခံရသူတွေလည်း ရှိခဲ့ပါတယ်။

ပေါင်မြို့နယ် တောင်ရှေ့ဘက်ကျေးရွာတွေမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

 
 

 

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...