ကိုဗစ်ကြောင့်ရက်ပေါင်း ၅၀ နီးပါးပိတ်ထားခဲ့သည့် သံတွဲမြို့မစျေးကြီး ယနေ့ ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကြောင့်ရက်ပေါင်း ၅၀ နီးပါးပိတ်ထားခဲ့သည့် သံတွဲမြို့မစျေးကြီး ယနေ့ ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကြောင့် ရက်ပေါင်း ၅၀ နီးပါးခန့် ပိတ်ထားခဲ့ရသော သံတွဲ မြို့မဒွါရာဝတီစျေးကြီးအား ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်ပြီဟု သတင်းရရှိသည်။

သံတွဲဒေသခံတစ်ဦးဖြစ်သူ ကိုဇွဲထက်မာန်က "စျေးကို ဒီနေ့စဖွင့်ပြီ။ မနက် ၆ နာရီကနေ နေ့လယ်ပိုင်း ၁ နာရီအထိပါ။ ကိုဗစ်စည်းကမ်းနဲ့အညီ နှာခေါင်းစည်းတပ်ပြီး သွားလာရမှာဖြစ်ပါတယ်" ဟု နိရဥ္စရာကို အတည်ပြုပြောသည်။

သံတွဲမြို့မစျေးအား ကိုဗစ်ပိုးတွေ့သူများလာသဖြင့် ဇူလိုင် ၁၃ ရက် နံနက်ကစတင်ပြီး ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

ငပလီဒေသခံတစ်ဦးဖြစ်သူ ကိုနီထွန်းအောင်ကလည်း "စျေးတွေကို အရင်ကတည်းက ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ထားတယ်။ ခုပြန်ဖွင့်ရင်လည်း အဲ့လိုပဲ စည်းကမ်းနဲ့အညီ ဖွင့်မှာပါ" ဟု သူကပြောသည်။

သံတဲမြို့မစျေး ယာယီပိတ်ထားချိန်တွင် စျေးဝယ်သူများအတွက် အခက်ခဲမရှိစေရန် အံတော် ယာယီစျေးကို ဖွင့်ထားပေးကြောင်းသိရသည်။

သံတွဲမြို့မစျေးကြီးတွင် စျေးဆိုင်ခန်းပေါင်း ၁ဝ၈ဝ ရှိပြီး ယင်းဆိုင်ခန်းများ အားလုံးကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

သံတွဲမြို့နယ်တွင် သြဂုတ် ၃၁ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၃၀၈ ဦး၊ သေဆုံးသူ ၃၃ ဦးနှင့် ကုသဆဲလူနာ ၃၃ ဦးတို့ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ စုစုပေါင်း ၄၁၆၀ ဦး၊ ကုသဆဲလူနာ ၃၃၂ ဦးနှင့် သေဆုံးသူ ၃၃၂ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...