တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်း‌ အားလုံးနီးပါး ရပ်ဆိုင်းလာရ

တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်း‌ အားလုံးနီးပါး ရပ်ဆိုင်းလာရ

စစ်တပ် အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းကြောင့် သထုံမြို့နယ်အတွင်းက တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်းတွေဖြစ်တဲ့ ခမောက်ယက်လုပ်ငန်းနဲ့ ကြိမ်ပုတီးလုပ်ငန်း အားလုံးနီးပါး လုပ်ငန်း ရပ်ဆိုင်းလာကြတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီလက်မှုလုပ်ငန်းတွေဟာ ကုန်းကြမ်းပစ္စည်းဝယ်ယူရခက်ခဲတာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတာ၊ အရောင်းအဝယ် နည်းပါးမှုတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

"ကျွန်တော့အသိတွေဆို မလုပ်ကြတော့ဘူး။ ကျွန်တော်တို့ကျတော့ အခြားလုပ်ငန်းမရှိတော့ မိသားစု စားဝတ်နေရေးအတွက် အဆင်မပြေပေမယ့် လုပ်နေရတုန်းပဲ၊ ဒီအတိုင်းဆို မကြာဘူး၊ ရပ်ရ‌တော့မယ်''လို့ ခမောက်ယက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

သထုံမြို့နယ်အတွင်းမှာတော့ တစ်ပိုင်တစ်နိုင် လက်မှု လုပ်ငန်းတွေဖြစ်တဲ့ ခမောက်ယက်လုပ်ငန်းနဲ့ ကြိမ်ပုတီးလုပ်ငန်းပေါင်း ၈၀ ကျော် ရှိနေတာဖြစ်ပြီး အခုအခါ လုပ်ငန်း ၉၀ ရာခိုင်နှုန်း နီးပါး ရပ်ဆိုင်းလိုက်ရပြီး ဖြစ်ပါတယ်။

ခမောက်လုပ်ငန်းနဲ့ကြိမ်ပုတီးလုပ်ငန်းတွေကို သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးက ကျေးရွာတွေမှာ အများဆုံးလုပ်ကိုင်ကြတာဖြစ်ပါတယ်။

"ကျွန်မတို့ ကြိမ်ပုတီးတွေကျတော့ အထက်ဘက်ကို ပို့တာများတယ်။ အဲဘက်ကဖောက်သည်တွေ လာမှာကြတယ်။ အခုကျတော့ မလာတော့ဘူး။ တောထဲတွေမှာလည်း ပစ်နေခတ်နေကြတော့ ကုန်ကြမ်းကြိမ်သီး ရှာတဲ့သူတွေလဲ တောထဲမသွားရဲလို့ အရင်လို ကုန်ကြမ်းမရဘူး။ ရောဂါနဲ့စစ်ဘေးနဲ့က ဘာမှကိုအဆင်မပြေဘူး၊ ''လို့ ကြိမ်ပုတီးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

ဒေသလက်မှုလုပ်ငန်းတွေက ထွက်ရှိလာတဲ့ ခမောက်နဲ့ ကြိမ်ပုတီးတွေကို မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသလို မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကိုလည်း တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ခမောက်လုပ်ငန်း၊ ကြိမ်ပုတီးလုပ်ငန်းတွေဟာ  မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြတဲ့ လက်မှုလုပ်ငန်းလည်း ဖြစ်ပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...