မိုးတားကြီးတွင် အရပ်သားအိမ်များ ဖျက်ဆီးခံရ

မိုးတားကြီးတွင် အရပ်သားအိမ်များ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း မိုးတားကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီသည်ဟုစွပ်စွဲမှုဖြင့် အိမ်နှင့် ပရိဘောဂများကို ဖျက်ဆီးပြီး လူနှစ်ဦးကို ခေတ္တဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ် ၂၈ ရက်တွင် ရွှေကူမှ ရေကြောင်းဖြင့် စုန်ဆင်းလာသည့် စစ်ကောင်စီတပ်များက ကသာမြို့နယ်အတွင်းရှိ မိုတားကြီးကျေးရွာမှ လူနေအိမ် ၄ လုံးနှင့် အိမ်များအတွင်းက အိမ်ထောင်ပရိဘောဂများကို ဖျက်ဆီးပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးသွားကာ နောက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

“အိမ်ထဲက ပစ္စည်းတွေအားလုံး ရစရာမရှိအောင် အငြိုးတကြီးနဲ့ ထုခွဲဖျက်ဆီးခဲ့ကြတာ။ ဖမ်းတဲ့နှစ်ယောက်တော့ ညကျ ပြန်လွတ်ပေးလာတယ်“ ဟု အသက် ၅၀ အရွယ် လက်ပံရွာသားတစ်ဦးက ပြောသည်။

သြဂုတ်လ ၃ ရက်နေ့ကလည်း မိုးတားကြီး၊ မိုးတားလေးအပိုင်း လက်ပံကျေးရွာရှိ ရွာသားများ၏ တဲ ၈ လုံးကို မီးရှို့ဖျက်ဆီးပြီး ငွေများ၊ ဆီပုံးများ၊ ဖုန်းများ၊ ဆန်အိတ်များကို ယူဆောင်သွားကြောင်း ၎င်းရွာသားတစ်ဦးက ဆက်ပြောသည်။

ကသာမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသည့် မိုးတားကြီး အနီးတဝိုက်တွင် ဇွန် ၂၄ ရက်ခန့်ကစတင်ပြီး စစ်ကောင်စီတပ်များနှင့် PDF၊ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

အဆိုပါဒေသအတွင်း ယခု သြဂုတ်လအထိဆိုပါက တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် ဇွန်လ ၂၄ ရက်တွင် ၃ ကြိမ်၊ ဇွန် ၂၆ ရက်တွင် ၂ ကြိမ်၊ နှစ်ရက်အတွက် တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...