ကလေးမြို့တွင် DDI မှ မသန်စွမ်းကလေးများအား အိမ်တိုင်ရာရောက် ပညာသင်ကြားပေးမည်

ကလေးမြို့တွင် DDI မှ မသန်စွမ်းကလေးများအား အိမ်တိုင်ရာရောက် ပညာသင်ကြားပေးမည်

ကလေးမြို့တွင် စက်တင်ဘာလမှစပြီး အလယ်တန်းအောက် မသန်စွမ်းကလေးများအတွက် အိမ်တိုင်ရာရောက် ကျောင်းပညာရေးစနစ် ပညာသင်ကြားပေးမည်ဟု ကလေးမြို့အခြေစိုက် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ကလေးမြို့ရှိ မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ မသန်စွမ်းကလေးများအတွက် ကလေးငယ်များ ကျောင်းပညာရေးနှင့် မဝေးကွာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ကိုယောရှုက ယခုလိုပြောသည်။

“ကျနော်တို့ ဒီလိုလုပ်ဆောင်တာ မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ရဲ့ ရပ်တည်ချက်က မသန်စွမ်းသူများ ပညာရေးပိုင်းမှာ လက်လှမ်းမှီနိုင်ဖို့က ကျနော်တို့အရင်ကတည်းက လုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ် အခုချိန်မှာ မသန်စွမ်းကလေးများတွေ အတော်လေးများများက ပညာရေးလက်လှမ်းမမှီနိုင်ကြဘူး အရင်တုန်းက သူတို့နီးစပ်ရာကျောင်းတွေမှာ တက်ခိုင်းထားတာရှိတယ် ဆိုတော့ အခုချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ဒီရောဂါကြောင့်ပဲဖြစ်ဖြစ် လက်လှမ်းမမှီနိုင်တဲ့အတွက်ကြောင့် ဒီကလေးတွေကို စာနဲ့မဝေးသွားအောင် ဒီမသန်စွမ်းကလေးတွေအတွက် စာသင်ပေးမယ့်အစီစဉ်ကို ကျနော်တို့ရေးဆွဲပြီးမှ စရခြင်းဖြစ်တယ်”

မသန်စွမ်းကျောင်းနေရွယ်များ ကျောင်းပညာသင်ပေးရန် အခက်အခဲများစွာရှိနေပါသော်လည်း ကျောင်းပညာရေးစနစ်ပြန်လည် ထူထောင်ရန် အိမ်တိုင်ရာရောက်ပညာသင်ပေးခြင်းအပြင် zoom application ဖြင့် အွန်လိုင်းမှ စက်တင်ဘာလကုန်နှောင်းပိုင်းတွင်း စတင်သင်ကြားပေးမည်ဟုလည်းသိရသည်။

မသန်စွမ်းကလေးငယ်များ အိမ်တိုင်ရာရောက်သင်ကြားမှုစတင်ပြီး မိသားစုဝင်များမှ zoom application ဖြင့် သင်ကြားနိုင်ရန်လည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလုပ်ဆောင်ပေးမည့် ဆရာဆရာမများက သင်ကြားပေးမည်ဖြစ်ပြီး ၎င်းအတွက် စေတနာဝန်ထမ်း ဆရာဆရာမ (၈) ဦးရှိကြောင်း သိရသည်။

မသန်စွမ်းကလေးများ ကျောင်းပညာရေးပြန်လည်သင်ပေးရန်နှင့်ပတ်သက်ပြီး မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (DDI) မှ ဒါရိုက်တာ ယောရှုက “ကျနော်တို့ရည်ရွယ်ထားတဲ့အထဲမှာ ကျနော်တို့အခု မိဘတွေနဲ့ညှိနေတယ် ဒါ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး မိဘတွေကိုယ်တိုင်က ကျနော်တို့ကို အိမ်တိုင်ရာယောက် သွားသင်ပေးဖို့ရန်အတွက် လက်ခံမလား စိုးရိမ်တဲ့အချက်က ပထမအချက်ဖြစ်တယ် ဒုတိယအချက်အနေနဲ့ ကျနော်တို့ ဝန်ထမ်းတွေရဲ့ volunteer နဲ့ ကျနော်တို့ ဆရာ/ဆရာမတွေရဲ့ သွားရေးလာရေး ဒါစိုးရိမ်မရမလား၊ အဲလိုမျိုးပိုင်းဆိုင်ရာမှာ ကျနော်တို့ ဒါတွေကအခက်အခဲဖြစ်နေတာဖြစ်တယ်” ဟု ဆက်ပြောသည်။

မသန်စွမ်းကလေးငယ်များ ကျောင်းပညာရေးစနစ် ပြန်လည်စတင်မည်ဆိုပါက ၎င်းတို့ တစ်နေ့ပညာသင်ယူရန် အချိန်အားဖြင့် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကလေးမြို့တွင် လက်ရှိအချိန်ထိ မသန်စွမ်း ကျောင်းပညာရေးကို စက်တင်ဘာလမှ စတင်သင်ကြားရန် စာရင်းလက်ခံရရှိသူ အယောက် (၅၀) ရှိပြီဖြစ်ကြောင်း သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...