KNU တပ်မဟာ (၅) နယ်မြေတွင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ် ၁၀၀ ကျော် ထပ်မံကျဆုံး

KNU တပ်မဟာ (၅) နယ်မြေတွင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ် ၁၀၀ ကျော် ထပ်မံကျဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ဩဂုတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း (၁၃၀) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ (၁၁၈) ဦး ထပ်မံ ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ဩဂုတ်လ ၃၁ ရက် ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁ ရက်မှ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၅) ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျဆုံးသူ (၁၁၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၆၈) နှင့် KNU တပ်မဟာ (၅) ဘက်မှ ၅ ဦး ဒဏ်ရာရရှိပြီး ကျဆုံးသူမရှိကြောင်း မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ဒေသခံများ၏ လယ်ယာ၊ ဥယျာဥ်ခြံမြေအတွင်း လက်နက်ကြီးအလုံးပေါင်း (၁၂၀) ပစ်ချခဲ့ရာတွင် လူနေအိမ် (၆) လုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် အရပ်သား (၃) ဦးကိုလည်း ခြိမ်းခြောက်ရိုက်နှက်ခဲ့သည့်အတွက် တစ်ဦးမှာ သေဆုံးသွားခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလတွင်လည်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်အသုံးပြုပြီး တပ်မဟာ (၅) နယ်မြေတွင် ငါးကြိမ်တိုင် လာရောက်စုံစမ်းထောက်လှမ်းမှုများရှိသည့်အတွက် ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် ဒေသခံများအား ဘန်ကာ၊ ဗုံးခိုကျင်းများနှင့် အနီးအနားတွင်သာ သွားလာနေထိုင်ရန် ဒေသခေါင်းဆောင်များဘက်က ညွှန်ကြားထားမှုများရှိသည်ဟု မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေထဲတွင် မေလမှ ဩဂုတ်လအထိ လေးလအတွင်း တိုက်ပွဲပေါင်း (၇၁၀) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စုစုပေါင်း (၄၆၇) ဦး ကျဆုံးခဲ့သည်ဟု မူတြော်ခရိုင်၏ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...