အုပ်ချုပ်ရေးမှူးလုပ်မယ့်သူကို သထုံ TDO က ကျည်ဆံ ၃ တောင့်၊ ဗုံးသီးတစ်လုံးနဲ့ သတိပေးစာပို့

အုပ်ချုပ်ရေးမှူးလုပ်မယ့်သူကို သထုံ TDO က ကျည်ဆံ ၃ တောင့်၊ ဗုံးသီးတစ်လုံးနဲ့ သတိပေးစာပို့

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးလုပ်မယ့် ဦးသက်ရွှေအောင်နဲ့ အပေါင်းအပါ‌ေတွကို သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDO က ကျည်ဆံ ၃ တောင့်၊ ဗုံးသီးတစ်လုံးနဲ့ သတိပေးစာ ပေးပို့လိုက်ပါတယ်။

သတိပေးစာမှာတော့ "အောင်ညွှန်ရဲ့သား သက်ရွှေအောင် စကစရဲ့ လက်ပါးစေ လမင်းကို သိမယ်ထင်ပါတယ်။ သူရဲ့ဇာတ်သိမ်းကို မြင်မှာပါ။ ခင်ဗျား လမင်းလို ဇာတ်သိမ်းချင်ရင်တော့ လမင်းလမ်းစဉ်ကို လျှောက်ပါ ပြီးရင် ကြိုက်တဲ့ကျည်ကိုရွေးပါလို့" သတိပေးထားတာ ဖြစ်ပါတယ်။

ဒူးရင်းဆိပ်ကျေးရွာနေ ဦးသက်ရွှေအောင်နဲ့ အပေါင်းအပါးတွေအနေနဲ့ ပြည်သူ‌ေတွအား အနှောက်အယှက်ပေးနေမှုကို ရပ်တန့်ကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ မွန်-သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရွာသားတွေကို ခြိမ်း‌ေြခာက်နေတဲ့အတွက်ကြောင့် သုတ်သတ်ထားတာပါ။

လက်ရှိမှာတော့ အုပ်ချုပ်‌ရေးမှူးမရှိတဲ့ ကျေးရွာမှာ ဦးသက်ရွှေအောင်က အုပ်ချုပ်ရေးမှူးလုပ်ဖို့ စစ်ကောင်စီကို သတင်းပေးနေတာဖြစ်ပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...