အုပ်ချုပ်ရေးမှူးလုပ်မယ့်သူကို သထုံ TDO က ကျည်ဆံ ၃ တောင့်၊ ဗုံးသီးတစ်လုံးနဲ့ သတိပေးစာပို့

အုပ်ချုပ်ရေးမှူးလုပ်မယ့်သူကို သထုံ TDO က ကျည်ဆံ ၃ တောင့်၊ ဗုံးသီးတစ်လုံးနဲ့ သတိပေးစာပို့

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးလုပ်မယ့် ဦးသက်ရွှေအောင်နဲ့ အပေါင်းအပါ‌ေတွကို သြဂုတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDO က ကျည်ဆံ ၃ တောင့်၊ ဗုံးသီးတစ်လုံးနဲ့ သတိပေးစာ ပေးပို့လိုက်ပါတယ်။

သတိပေးစာမှာတော့ "အောင်ညွှန်ရဲ့သား သက်ရွှေအောင် စကစရဲ့ လက်ပါးစေ လမင်းကို သိမယ်ထင်ပါတယ်။ သူရဲ့ဇာတ်သိမ်းကို မြင်မှာပါ။ ခင်ဗျား လမင်းလို ဇာတ်သိမ်းချင်ရင်တော့ လမင်းလမ်းစဉ်ကို လျှောက်ပါ ပြီးရင် ကြိုက်တဲ့ကျည်ကိုရွေးပါလို့" သတိပေးထားတာ ဖြစ်ပါတယ်။

ဒူးရင်းဆိပ်ကျေးရွာနေ ဦးသက်ရွှေအောင်နဲ့ အပေါင်းအပါးတွေအနေနဲ့ ပြည်သူ‌ေတွအား အနှောက်အယှက်ပေးနေမှုကို ရပ်တန့်ကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ မွန်-သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရွာသားတွေကို ခြိမ်း‌ေြခာက်နေတဲ့အတွက်ကြောင့် သုတ်သတ်ထားတာပါ။

လက်ရှိမှာတော့ အုပ်ချုပ်‌ရေးမှူးမရှိတဲ့ ကျေးရွာမှာ ဦးသက်ရွှေအောင်က အုပ်ချုပ်ရေးမှူးလုပ်ဖို့ စစ်ကောင်စီကို သတင်းပေးနေတာဖြစ်ပါတယ်။

 
 

 

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...