CDM တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမ လစာငွေ ရုတ်သိမ်းခံရ

CDM တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမ လစာငွေ ရုတ်သိမ်းခံရ

အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ တိုင်းရင်းသား ဘာသာသင် နေ့စား၊လပေး CDM ဆရာ/ဆရာမ လစာငွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်နေ့မှာ ပြန်လည်ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကတော့ တိုင်းရင်းသားဘာသာသင် နေ့စား၊ လပေး CDM ဆရာ/ဆရာမတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိလို့ လစာငွေကို ပြန်လည်ရုတ်သိမ်းရတာလို့ ဆိုထားပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်းရင်းသားဘာသာသင် CDM ဆရာ/ဆရာမတွေကို အခုနှစ်ဘဏ္ဍာရေးမှာ ပေးရမယ့်လစာငွေ ကျပ်သိန်း ၅၈၀၀ ကျော်ကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနဟာ ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

“ပြောရရင် ရတဲ့လခက ဘယ်လောက်မှမရှိဘူး၊ စစ်ကောင်စီကလည်း လူတွေဒီလောက်သတ်နေတာ သူ့အောက်မှာလည်း မလုပ်နိုင်ဘူး၊ လခမပေးလည်း ဘာမဖြစ်ဘူး” လို့ တိုင်းရင်းသားဘာသာသင် CDM ဆရာမတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမတွေကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က အခြေခံပညာကျောင်း မူလတန်းအဆင့်မှာ ကလေးတွေကို မိခင်တိုင်းရင်းဘာသာစကား သင်ကြားဖို့အတွက် နေ့စားလပေးစနစ်နဲ့ ခန့်အပ်ထားတာဖြစ်ပါတယ်။

တိုင်းရင်းသားဘာသာသင် နေ့စား၊ လပေး ဆရာဆရာမတွေဟာ ကျောင်းဖွင့်ရက်တွေမှာ တစ်ရက် ကျပ် ၄၅၀၀ နှုန်း ရရှိကြပါတယ်။

မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားဘာသာ သင်ကြားပေးနေတဲ့ စာသင်ကျောင်းပေါင်း ၅၇၀ ကျော်ရှိပြီး မွန်စာသင်ကျောင်း ၂၇၀ ၊ ကရင်စာသင်ကျောင်း ၂၇၃ ကျောင်းနဲ့ ပအိုဝ့်စာသင်ကျောင်း ၃၀ ရှိပါတယ်။

ပြည်နယ်အတွင်းမှာတော့ တိုင်းရင်းသားဘာသာ နေ့စား၊ လပေး ဆရာ/ဆရာမ ၁၂၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...