CDM တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမ လစာငွေ ရုတ်သိမ်းခံရ

CDM တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမ လစာငွေ ရုတ်သိမ်းခံရ

အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ တိုင်းရင်းသား ဘာသာသင် နေ့စား၊လပေး CDM ဆရာ/ဆရာမ လစာငွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်နေ့မှာ ပြန်လည်ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကတော့ တိုင်းရင်းသားဘာသာသင် နေ့စား၊ လပေး CDM ဆရာ/ဆရာမတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိလို့ လစာငွေကို ပြန်လည်ရုတ်သိမ်းရတာလို့ ဆိုထားပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်းရင်းသားဘာသာသင် CDM ဆရာ/ဆရာမတွေကို အခုနှစ်ဘဏ္ဍာရေးမှာ ပေးရမယ့်လစာငွေ ကျပ်သိန်း ၅၈၀၀ ကျော်ကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနဟာ ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

“ပြောရရင် ရတဲ့လခက ဘယ်လောက်မှမရှိဘူး၊ စစ်ကောင်စီကလည်း လူတွေဒီလောက်သတ်နေတာ သူ့အောက်မှာလည်း မလုပ်နိုင်ဘူး၊ လခမပေးလည်း ဘာမဖြစ်ဘူး” လို့ တိုင်းရင်းသားဘာသာသင် CDM ဆရာမတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမတွေကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က အခြေခံပညာကျောင်း မူလတန်းအဆင့်မှာ ကလေးတွေကို မိခင်တိုင်းရင်းဘာသာစကား သင်ကြားဖို့အတွက် နေ့စားလပေးစနစ်နဲ့ ခန့်အပ်ထားတာဖြစ်ပါတယ်။

တိုင်းရင်းသားဘာသာသင် နေ့စား၊ လပေး ဆရာဆရာမတွေဟာ ကျောင်းဖွင့်ရက်တွေမှာ တစ်ရက် ကျပ် ၄၅၀၀ နှုန်း ရရှိကြပါတယ်။

မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားဘာသာ သင်ကြားပေးနေတဲ့ စာသင်ကျောင်းပေါင်း ၅၇၀ ကျော်ရှိပြီး မွန်စာသင်ကျောင်း ၂၇၀ ၊ ကရင်စာသင်ကျောင်း ၂၇၃ ကျောင်းနဲ့ ပအိုဝ့်စာသင်ကျောင်း ၃၀ ရှိပါတယ်။

ပြည်နယ်အတွင်းမှာတော့ တိုင်းရင်းသားဘာသာ နေ့စား၊ လပေး ဆရာ/ဆရာမ ၁၂၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...