စစ်တပ်ထောက်ခံသူတွေကိုရွေးပြီး သေနတ်ထုတ်ပေးနေ

စစ်တပ်ထောက်ခံသူတွေကိုရွေးပြီး သေနတ်ထုတ်ပေးနေ

မွန်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်စလုံးမှာ စစ်တပ်ထောက်ခံသူတွေကို လူရွေးပြီး သေနတ်ထုတ်ပေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေထဲမှာ ရောဂါအခံမရှိသူ၊ ကျန်းမာရေးကောင်းမွန်သူတွေကို တစ်မြို့နယ် ၃၀ ဦးရွေးချယ်ပြီး အာဏာသိမ်းစစ်ကောင်စီခွင့်ပြုချက်နဲ့ သေနတ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

"ကျွန်တော်သိရသလောက်က ပြီးခဲ့တဲ့လကတည်းက စဖွဲ့ထားတယ်။ စစ်မှုထမ်းဟောင်းတွေပဲ သီးသန့်ဖွဲ့ထားတာမဟုတ်ဘူး။ စစ်တပ်ထောက်ခံသူ တချို့ပါတယ်။ ရွေးချယ်တာက ဗိုလ်မှူးတွေကိုယ်တိုင် လာရွေးတာ” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်တဲ့ ဒီအဖွဲ့ဟာ ပျူစောထီးအဖွဲ့နဲ့ လုပ်ကိုင်ပုံ အလားသဏ္ဍာန်တူနိုင်တယ်လို့ သူကဆိုပါတယ်။

ဒီအဖွဲ့ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရ ထောက်ခံသူတွေကို သတင်းယူဖို့၊ ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေးယူဖို့၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေကို အဓိက ပစ်မှတ်ထား သတင်းယူဖို့နဲ့ တွေ့ရှိရင် ရှင်းလင်းဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ဒီအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တိုင်းအတွက် လူသိမခံအောင် လုပ်ဆောင်ကြဖို့ ညွှန်ကြားထားတာပါ။

လက်ရှိမှာတော့ ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပျူးစောထီးအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ထောက်ခံသူ နေအိမ်တွေမှာ ခြိမ်းခြောက်စာတွေ လိုက်လံကပ်နေသလို ဖောက်ခွဲမှုအချို့ လုပ်ဆောင်နေပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...