ဖားကန့်မှ ရခိုင်သို့ပြန်လာသည့် အမျိုးသားတစ်ဦး လမ်းတွင် ပျောက်ဆုံးနေ

ဖားကန့်မှ ရခိုင်သို့ပြန်လာသည့် အမျိုးသားတစ်ဦး လမ်းတွင် ပျောက်ဆုံးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဖြူစင်ကုန်းရွာတွင် အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦးသည် ရခိုင်သို့ပြန်လာစဉ် လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့် အမျိုးသားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာနေ အသက် (၄၅ နှစ်) အရွယ် ဦးငလုံး (ခေါ်) ဦးထွန်းထွန်းနိုင်ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်သြဂုတ်လ ၂၀ ရက်တွင် ရခိုင်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ တစ်ပတ်တိတိရှိနေသဖြင့် စိုးရိမ်ကြောင်း တူတော်စပ်သူ ကိုမောင်ထွီးက ပြောသည်။

"သူက ကချင်ကနေပြန်လာတာ မန္တလေးအထိပါလာတယ်။ မန္တလေးကနေ ရခိုင်လာတဲ့ကားနဲ့ လာလိုက်သေးတယ်။ ကားသမားတွေပြောတာက ကျောက်တော်မှာ ဆင်းကျန်ခဲ့တယ်လို့ပြောပါတယ်။ ပုံမှန်ဆိုရင် ပြီးခဲ့တဲ့ တနဂ်နွေနေ့ရောက်ရမှာပေါ့။ အခု တစ်ပတ်လောက်ရှိပြီ။ သတင်းအစအနမရသေးလို့ စိုရိမ်တာပေါ့" ဟု နိရဥ္စရာသို့ ပြောသည်။

ပျောက်ဆုံးနေသူတွင် ကျောက်တော်၌ ဆွေမျိုးတော်စပ်သူများရှိသော်လည်း ၎င်းမှာ ဆွေမျိုးများထံသို့ ရောက်ရှိခြင်းမရှိကြောင်း

တူတော်စပ်သူက ဆက်ပြောသည်။

ပျောက်ဆုံးနေသူသည် ဖားကန့်တွင် ကျောက်ရှာခြင်းအလုပ်ကို ၁၀ နှစ်ခန့် လုပ်နေခဲ့သူဖြစ်သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...