ပုသိမ်တွင် တစ်ကိုယ်တော်ဆန့်ကျင်မှုလုပ်

ပုသိမ်တွင် တစ်ကိုယ်တော်ဆန့်ကျင်မှုလုပ်

ရက်ပေါင်း ၁၀၀ ကျော် ဆန္ဒပြမှုများ ရပ်တန့်နေခဲ့သည့် ပုသိမ်မြို့တွင် လူငယ်တစ်ဦးက စစ်ကောင်စီဆန့်ကျင်သည့် စာများဖြန့်ကြဲကာ တစ်ကိုယ်တော်လှုံဆော်မှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းက လူငယ်တစ်ဦးသည် မဟာဗန္ဓုလလမ်းမကြီးနှင့် ကန်သာယာလမ်းဆုံရာ မိုးလေဝသနှင့် ဇလဗေဒရုံးအနီးတွင် စစ်ကောင်စီကိုဆန့်ကျင်သည့် စာရွက်များကို တကိုယ်တော်ဖြန့်ကြဲ၍ ဒီမိုကရေစီတော်လှန်ရေးအတွက် လှုံဆော်ခဲ့သည်။

"လုံခြုံရေးကားတွေ လည့်လည်နေတဲ့လမ်း စစ်ကောင်စီအဖွဲ့ဝင်တွေ ရုံးဆင်းရုံးတက် လုပ်တဲ့လမ်းမှာ တစ်ယောက်တည်းလာကြဲသွားတာ" ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

“ပုသိမ် ဘာလဲ ဘယ်လဲ၊ ဒလန်မကြောက်နဲ့ ရှင်းပစ်၊ စစ်ဖိနပ်အောက်မှာပဲ နေချင်တာလား၊ ကမ္ဘာမကျေသီချင်းနဲ့ ပြီးသွားပြီလား၊ ခုချိန်ထိ ငြိမ်နေတုန်းပဲလား၊ ကြောက်နေရင် တစ်သက်လုံးကျွန်ခံနေရမယ်” စသည့် လက်ရေးဖြင့်ရေးထားသည့် စာရွက်များကို ဖြန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့နှင့် မြို့တိုင်းတွင် ဆန္ဒပြပွဲများ ရပ်တန့်ခဲ့နေသည်မှာ ရက်ပေါင်း ၁၀၀ ကျော်ထိ ရှိလာခဲ့ပြီးနောက် ယခုကဲ့ စစ်ကောင်စီဆန့်ကျင်ရေး လှုံ့ဆော်မှု ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...