KNLA သိမ်းယူလိုက်သည့် ခုတ်ခွားစခန်းအနီးသို့ စစ်ကောင်စီတပ် ပြန်တက်လာနေ

KNLA သိမ်းယူလိုက်သည့် ခုတ်ခွားစခန်းအနီးသို့ စစ်ကောင်စီတပ် ပြန်တက်လာနေ

ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ်ရှိ ခုတ်ခွား စစ်ကောင်စီအခြေကုတ်စခန်းကို ဩဂုတ် ၂၆ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီတပ် များ ပြန်တက်လာသည်ဟု စခန်းအနီးရှိ ဒေသခံတဦးက ကေအိုင်စီသို့ ပြောသည်။

“အခုစကားပြောတဲ့အချိန်မှာပဲ စစ်သားတွေ (စစ်ကောင်စီတပ်) တက်လာပြီး အဲဒီစခန်းမှာ ကော်သူးလေဘက်က ရှိနေသေးတယ်။ ဒီညအခြေအနေဘယ်လိုလာမလဲမသိဘူး” ဟု စခန်းအနီးရှိ ဒေသခံအမျိုးသမီးတဦးက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ခုတ်ခွား စခန်းကို KNLA တပ်ရင်း ၁၇၊ တပ်ခွဲ (၁) က ယနေ့ နေ့လည်ပိုင်းတွင် တက်ရောက်သိမ်းယူ ခဲ့ပြီး သိမ်းယူစဉ်တွင် စခန်းထိုင်နေသည့် BGF တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခြင်းမရှိဘဲ ဆုတ်ခွာသွားသည်ဟု ကေအဲန်ယူဘက်က ပြောဆိုထားသည်။

“ဒီမနက် အဲဒီစခန်းကနေ သေနတ်ပစ်သံကြားတယ်။ ခဏနေတော့ အဲဒီစခန်းကနေ မီးခိုးငွေ့တွေ ထွက်လာတာတွေ့ရတယ်” ဟု စခန်းအနီးရှိ အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။

အဆိုပါ ခုတ်ခွား စခန်းတွင် ယခင်ကစစ်ကောင်စီတပ်များ စခန်းထိုင်နေခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်း အတွင်းက စစ်ကောင်စီတပ်များ စခန်းကို စွန့်ခွာသွားခဲ့ပြီး BGF တပ်ဖွဲ့ဝင်များကို စခန်းထိုင်စေခဲ့ခြင်း ဖြစ်ကြောင်း ကေအဲန်ယူ၊ ဒူးပလာယားခရိုင်၊ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ခုတ်ခွားစခန်းနှင့် မနီးမဝေးတွင်ရှိသည့် ကျိုက်ဒုံမြို့တွင် ဩဂုတ်၂၅ ရက်နေ့တွင် စစ်ကောင်စီဘက်မှ စစ်အင်အား တိုးချဲ့ဖြည့်တင်းပြီးနောက် ယနေ့ (ဩဂုတ် ၂၆ ရက်) မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့အချို့သည် မိနန်းအပ်ကျေးရွာသို့ သွားရောက်တပ်ဆွဲထားသည်ဟု ဒေသခံထံမှ သိရသည်။

တဆက်တည်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်မှ စွန့်ခွာသွားပြီး နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များက ပြန်ထိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိတ်စခန်းတွင်လည်း ယနေ့ နေ့လည် ၂ နာရီခွဲကျော်တွင် KNLA တပ်ဖွဲ့မှ လာရောက်ပစ်ခတ်သည့်အတွက် ယင်းစခန်းရှိ BGF များမှာ ကျိုက်ဒုံဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...