အင်အား ၂၀ ကျော်ရှိ အဖွဲ့စုံတာဝန်ရှိသူအချို့ လေးကေကော်မြို့သစ်သို့ သွားရောက်စစ်ဆေးခဲ့

အင်အား ၂၀ ကျော်ရှိ အဖွဲ့စုံတာဝန်ရှိသူအချို့ လေးကေကော်မြို့သစ်သို့ သွားရောက်စစ်ဆေးခဲ့

မြ၀တီခရိုင် စစ်ကောင်စီ၊ ရဲနှင့် အုပ်ချုပ်ရေးမှူး ပါဝင်သောအဖွဲ့သည် ဩဂုတ်လ ၂၆ ရက် (ယနေ့) တွင် မြဝတီမြို့နယ်အတွင်းရှိ လေးကေကော်မြို့သစ်သို့ သွားရောက်ကာ စုံစမ်းစစ်ဆေးတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်ဟု လေးကေကော်မြို့သစ်၏ အုပ်ချုပ်ရေးမှူးက ကေအိုင်စီသို့ ပြောသည်။

လေးကေကော်အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က "PDF တွေ လက်နက် ဘာညာစသဖြင့် သတင်းတက်နေတော့ သူတို့တွေက နယ်မြေကို ကွင်းဆင်းပြီးတော့ ကြည့်တဲ့ပုံစံပါပဲ။ လာ စ်ဆေးတယ်။ ထမင်းစားတယ်။ ရွာထဲသွားတယ်။ ဓာတ်ပုံတွေလိုက်ရိုက်တယ်။ ပြီးတော့ ညဘက် ကျန်းမာရေးကိစ္စ လိုအပ်လာရင် သူတို့ကို ဆက်သွယ်ပါ။ သူတို့ ကူညီပေးမယ်လို့တော့ ပြောသွားတယ်" ဟု အတည်ပြုပြောဆိုသည်။

မြ၀တီခရိုင်ရဲမင်းကြီး၊ စစ်ကောင်စီတပ် ရှေ့တန်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံစစ်ကြောင်းမှူးများပါဝင်သည့် အင်အား ၂၀ ကျော်ရှိ ၎င်းအဖွဲ့သည် မြို့သစ်အတွင်းရှိ ရပ်ကွက်ထဲသွားရောက်ကာ အချို့နေအိမ်များမှ နေထိုင်သူများနှင့် စကားပြောဆိုခြင်း၊ ဆည်နေရာသို့ လိုက်လံကြည့်ရှုခြင်း၊ ကွင်းဆင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းများကို ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ခရိုင်၊ မြို့နယ်မှ အဖွဲ့စုံဖြင့် ယခုလို လာရောက်ခြင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပြီး ယနေ့မနက် ၁၀ နာရီမှ မွန်းလွှဲ ၁ နာရီခွဲအထိ စစ်ဆေးမှုများနှင့် ဓာတ်ပုံမှတ်တမ်းရိုက်ကူးသွားကြသည်ဟု သိရသည်။

လေးကေကော်မြို့သစ်တွင် ထီးမယ်ဝါးခီးအပါအဝင် ရပ်ကွက်ပေါင်း ၆ ခုရှိပြီး နေထိုင်သူ လူဦးရေစုစုပေါင်း ၃၀၀၀ ကျော်ရှိသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...