ရခိုင်တွင် ထုတ်ပြန်ထားသည့် Stay at Home အမိန့်ကို ULA ပယ်ဖျက်

ရခိုင်တွင် ထုတ်ပြန်ထားသည့် Stay at Home အမိန့်ကို ULA ပယ်ဖျက်

ရခိုင်ပြည်နယ်တွင်ထုတ်ပြန်ထားသည့် Stay at Home (ကိုယ့်အိမ်တွင် ကိုယ်နေထိုင်ခြင်း) အမိန့်ကို ပယ်ဖျက်လိုက်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ သြဂုတ်လ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထိုအမိန့်ကို နောက်ထပ် သက်တမ်းတိုးခြင်း မပြုလုပ်သော်လည်း ရခိုင်ပြည်အတွင်း မြို့နယ်အလိုက်ရွာအလိုက် ရောဂါပိုးကူးစက်ခံရသူအသစ် အရေအတွက် အတက်အကျ နေ့စဉ်စာရင်းကို နေ့တိုင်းစောင့်ကြည့်လေ့လာပြီး အသွားအလာများကို သတိဉာဏ်ပညာဖြင့် ဆင်ခြင်နေထိုင်ရန် လိုအပ်နေဦးမည်ဟု ဆိုထားသည်။

Covid - 19 ရောဂါသည် ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးရန် အခွင့်အရေးရပါက အမြန်ဆုံး ထိုးထားကြရန်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကာကွယ်ဆီးရရှိရေး၊ ထိုးရမည့် မိမိတို့ပြည်သူများ လူတိုင်းထိုးနိုင်ရေးအတွက်ကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေသည်ဟု ULA က ဆိုထားသည်။

နိုင်ငံအချို့၌ COVID-19 မျိုးရိုးဗီဇပုံစံပြောင်း မျိုးကွဲအသစ်များကို ထပ်မံတွေ့ရှိနေရပြီး စတုတ္ထလှိုင်းကို စတင်မည့် ရှေ့ပြေးအလားအလာတွေ့နေရသည့်အတွက် မပေါ့လျော့ကြရန်လည်း ULA က သတိပေးထားသည်။

ULA က ထုတ်ပြန်ခဲ့သည့် Stay at Home အမိန့် ရက်သတ္တပတ် (၅) ပတ်တာကာလအတွင်း စည်းကမ်းလိုက်နာပြီး စည်းလုံးညီညွတ်မှုပြယုဂ်ကို ပြသနိုင်ခဲ့သော အာရက္ခပြည်သူပြည်သားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတသမားများ၊ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို ညီရင်းအစ်ကို မောင်နှမစိတ်ဖြင့် ထောက်ပံ့ကူညီပေးကြသောသူများအားလုံးနှင့် အထွေထွေလိုအပ်ချက်၊ ကဏ္ဍအလိုက် လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနေကြသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပြီး လေးလေးနက်နက် ကျေးဇူးတင်ရှိပါကြောင်း ULA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...