ရဲတပ်ဖွဲ့မှ ထွက်လိုလျှင် ထောင်သုံးနှစ်ကျခံရမည်

ရဲတပ်ဖွဲ့မှ ထွက်လိုလျှင် ထောင်သုံးနှစ်ကျခံရမည်

မကွေးတိုင်းဒေသကြီးအတွင်းမှ သက်တမ်းလုနီး ရဲတပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်စာတင်သည့်အခါ ထောင်သုံးနှစ်ကျခံပြီးမှသာ ထွက်ခွင့်ရမည်ဟု အထက်အရာရှိက ပြောသည်ဟု အမှတ် ၂၅ ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမှတ် ၂၅ ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီးတစ်ဦးက "ကျနော်က ရဲလုပ်သက်ပြည့်ဖို့ တစ်နှစ်ပဲကျန်တော့တယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ နှုတ်ထွက်စာတင်တယ်။ ထောင်သုံးနှစ်ကျခံပြီးမှ ထွက်လို့ရမယ်။ ထောက်ပံ့စရိတ် ပင်စင်ခံစားခွင့် မရဘူးလို့ ဖိအားပေးခံရတယ်" ဟု ပြောသည်။

လက်ရှိ ရဲဝတ်စုံဝတ်ပြီး ပြည်သူများကြားတွင် လက်နက်ကြီးကိုင်ပြီး လုံခြုံရေးတာဝန်ယူထားရသည့်အခါ မျက်နှာပူမိကြောင်း၊ ပြည်သူများဖြင့် ထိပ်တိုက်မတွေ့အောင် ရှောင်ရကြောင်း၊ မိဘနှင့်မိသားစုအား ခြိမ်းခြောက်ဖိအားပေးခံထားရကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်စစ်အာာဏာသိမ်းပြီး စစ်ကောင်စီအမိန့်ဖြင့် ရဲတပ်ဖွဲ့ဝင်များသည် နေ့ည အချိန်မရွေး လုံခြုံရေးတာဝန် ထမ်းဆောင်ရသဖြင့် အချို့ရဲတပ်ဖွဲ့ဝင်များမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြောင်း သိရသည်။

ဇူလိုင်လဆန်းမှ သြဂုတ်လ ၁၀ ရက်နေ့အထိ ပြည်သူ့ရင်ခွင် ခိုလှုံလာသော တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၇၁၉ ဦးရှိကြောင်း ပြည်သူ့ရင်ခွင် People's Embrace အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြည်သူ့ရင်ခွင်ခိုဝင်လာခြင်းသည် ပြည်သူ့ဘက်က လူတစ်ဦးမသေ၊ ကျည်တစ်တောင့်မကုန်ဘဲ စစ်ကောင်စီ အင်အား ၇၀၀ ကျော်ကို ဖြိုချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ရင်ခွင် Peoples Embrace က ထုတ်ပြန်ထားသည်။

“ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမှန်တရားဘက်က ရပ်တည်လာသူ တပ်နဲ့ရဲက ပြည်သူ့ဘက်တော်သားတွေကို ဆက်လက်ကူညီထောက်ပံ့ဖို့ ပြည်သူတွေကိုယ်တိုင် ပါဝင်ကူညီနိုင်မယ့် နည်းလမ်းတွေကို မကြာခင်မှာ ကြေညာပေးမှာကြောင့် စောင့်မျှော်ပေးကြပါဦး” ဟု "People's Embrace အဖွဲ့က ပြောသည်။

ဇူလိုင် ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ CDM ပြုလုပ်လာသည့် တပ်မတော်သား အယောက် ၅၀ နှင့် ရဲတပ်ဖွဲ့ဝင် ၅၅ ယောက်ကို ပြည်သူ့ရင်ခွင်အဖွဲ့က ငွေသားအကူအညီ စုစုပေါင်း ၃,၂၄၅,၀၀၀ ကျပ် ကူညီခဲ့ပြီး အခြားအကူအညီများလည်း ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...