စည်သူအောင်မြင့်နှင့် မထက်ထက်ခိုင်တို့ကို ၅၀၅ ဖြင့်သာ တရားစွဲထားကြောင်း ရှေ့နေပြော

စည်သူအောင်မြင့်နှင့် မထက်ထက်ခိုင်တို့ကို ၅၀၅ ဖြင့်သာ တရားစွဲထားကြောင်း ရှေ့နေပြော

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Action မှ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့်သာ တရားစွဲဆိုထားကြောင်း အမှုလိုက်ရှေ့နေများက ပြောသည်။

စွပ်စွဲခံထားရသူနှစ်ဦးကို ပုဒ်မ ၅၀၅ အပြင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနှင့်စပ်လျဉ်း၍ ထိန်ချန်မှု ပုဒ်မ ၁၂၄ (က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) တို့ဖြင့်ပါ အမှုဖွင့်ထားကြောင်း စစ်ကောင်စီပိုင် မြဝတီမီဒီယာက သတင်းဖော်ပြခဲ့သော်လည်း စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများက အထက်ပါအတိုင်း ငြင်းဆိုခဲ့သည်။

“ကျနော်တို့ မနေ့ကမှ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ဗဟန်းရဲစခန်းကို အတည်ပြုထားတာ။ ၅၀၅ (က) နဲ့ (ခ) တို့နဲ့ပဲ စွဲထားတယ်လို့ ပြောတယ်။ ဦးစည်သူအောင်မြင့်ရဲ့ ရှေ့နေတွေကလည်း ၁၂၄ မပါဘူးပြောတယ်” ဟု မထက်ထက်ခိုင်၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်သည် ၎င်းနေထိုင် တိမ်းရှောင်နေသည့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် မကြာသေးမှီ ရက်ပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းသည် VOA နှင့် Frontier သတင်းဌာနတို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိသည့် ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာတစ်ဦး ဖြစ်သည်။

Federal FM တွင် Volunteer Editor အဖြစ် ဆောင်ရွက်နေသည့်အတွက် မထက်ထက်ခိုင်ကို မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည်ဟု စစ်ကောင်စီပိုင် မြဝတီသတင်းဌာနက သတင်းကြေညာထားသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...