ဘီးလင်း PDF စခန်းတစ်ခု သိမ်းဆည်းရမိဟု စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့်

ဘီးလင်း PDF စခန်းတစ်ခု သိမ်းဆည်းရမိဟု စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ နေရာတစ်ခုမှာ ဘီးလင်း PDF အဖွဲ့နေထိုင်တဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်‌ေတွက သိမ်းဆည်းရမိခဲ့တယ်လို့ သြဂုတ်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူ‌ေတွက လူမှုကွန်ယက် facebook နဲ့ Telegram တို့ကို အသုံးပြုကာ သတင်းအမှား ဖြန့်ဝေခဲ့ပါတယ်။

ဘီးလင်း PDF စခန်းသိမ်းဆည်းရမိတဲ့ သတင်းမှာ အသုံးပြုထားတဲ့ ‌ဓာတ်ပုံ‌ေတွဟာ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာရှိ KNU မော်စကိုဒေသရှိ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်‌ေတွက ဝင်ရောက်သိမ်းဆည်းတုန်းက ရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စခန်းအဝင်အဝပုံက သဲအိမ်က KNU မော်စကိုရုံးပုံပါ။ ဟိုတလောက အဲဒီစခန်းကို စစ်ကောင်စီဘက်က တပ်တွေဝင်သိမ်းသွားသေးတယ်။ဘာလို့ပြောနိုင်လဲဆိုရင် ကျွန်တော်တို့က အမြဲတမ်းနီးပါးလောက် အဲလမ်းက သွားနေကြဆိုလို့ သိတာပါ။ အသိမ်းခံရတုန်းကလဲ အန်ဂလုံဝိုင်းတောင်မိသွားသေးတယ်လို့ ကြားတယ်။ သူတို့တင်ထားတဲ့ပုံမှာလဲ အန်ဂလုံခုံတွေပါတယ်လေ" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေ သတင်းအမှား ဖြန့်ဝေစဉ် အသုံးပြုထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ သထုံမြို့က တက်ကြွလှုပ်ရှားသူ တစ်ဦးအား ဖမ်းဆီးစဉ် ရိုက်ထားတဲ့ဓာတ်ပုံကိုပါ အသုံးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ညနေပိုင်းက ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာနဲ့ ကတိုက်ကျေးရွာသွားလမ်းပေါ်ရှိ KNU စခန်း (မော်စကိုမြို့နယ်ရုံး) ကို စစ်ကောင်စီတပ်‌ေတွက ဝင်ရောက်တိုက်ခိုက်သိမ်းဆည်းစဉ် ရုံးစောင့်အဖြစ်ကျန်ရစ်သူ KNU တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူ ၁၅ ဦးခန့်ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၁၅ ဦးကို အကြမ်းဖက်မှုကာကွယ်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) ဖြင့် အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 
 

 

 

June 9, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ တစ်ရက်တည်း မြေမြှုပ်မိုင်း...
June 8, 2026
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ကြပ်ကြီး နှစ်ဦး သေနတ်နဲ့...
June 6, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာနဲ့ရငဲရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့...
ဓာတ်ပုံ-CJ
June 5, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေဗျူဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ...