ကောလင်းအရှေ့ပိုင်းရွာတချို့ ဖျက်စီးခံရ

ကောလင်းအရှေ့ပိုင်းရွာတချို့ ဖျက်စီးခံရ

စစ်ကောင်စီတပ်၏ ကားတစ်စီး မိုင်းထိပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးကာ တပ်ဆွဲထားကြောင်း ဒေသခံများက ပြောသည်။

ကောလင်းမြို့၊ ဆင်ကုန်းရွာအနီး ကျောက်ပုထိုးလမ်းခွဲအကျော်တွင် စစ်ကားတစ်စီးမိုင်းထိပြီးနောက် ကားပေါ်ပါသူများ သေဆုံးဒဏ်ရာရသည်ဟုဆိုကာ ဒေသခံသတင်းပေးအချို့နှင့်အတူ အနီးအနားရှိရွာများကို အင်အားအလုံးအရင်းဖြင့် ရှာဖွေမှုများပြုခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ ဒလန်တွေနဲ့ ရွာစဉ်ထိုး (ရွာအလိုက်) ဝင်မွေကြတာ။ ဒလန်လက်ညှိးထိုးတဲ့အိမ်က နွားတွေကို ပစ်သတ်သွားတာ” ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်ခန့်က စစ်ကားနှစ်စီးဖြင့် အင်အား ၅၀ ခန့်သည် ကောလင်းအရှေ့ဘက်ရှိ ချောင်းကွေ့၊ ဇီးဖြူပင်၊ သဲကောရွာများသို့ ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

အထူးသဖြင့် သတင်းပေးညွှန်ပြသည့် သဲကောရွာရှိ အိမ်တစ်အိမ်ကို ဝင်ရောက်ပြီး ပစ္စည်းများသိမ်းဆည်းကာ မသယ်နိုင်သည့်ပစ္စည်းများနှင့် တဲကို ဖျက်ဆီးသွားသည်ဟု ပြောသည်။

ထို့အပြင် ချည်ထားသည့် နွား ၄ ကောင်အနက် ၂ ကောင်ကို ပစ်သတ်သွားကြောင်း ဒေသခံရွာသားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖလဲရွာအပြင်ရှိ ကုက္ကိုပင်အောက်တွင် တပ်စွဲထားသည့်အတွက် ဒေသခံများက စစ်ကောင်စီတပ်များ ဖမ်းဆီးရန်ပြုမည်ကို စိုးရိမ်သဖြင့် ညနေပိုင်းတွင် ဘေးလွတ်ရာသို့ ရှောင်နေကြကြောင်း သိရသည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...