အရပ်သားအသွင်ယူကာ စစ်ရိက္ခာနှင့် မူးယစ်ဆေးပြား သယ်ဆောင်လာသော စစ်ကောင်စီကားကို KIA မီးရှို့ဖျက်ဆီး

အရပ်သားအသွင်ယူကာ စစ်ရိက္ခာနှင့် မူးယစ်ဆေးပြား သယ်ဆောင်လာသော စစ်ကောင်စီကားကို KIA မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်၏ လက်နက်ရိက္ခာများနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အရပ်သားသုံး မော်တော်ယဉ်တစ်စီးကို ဖားကန့်မြို့နယ် ဒွမ်ဘုန်းနှင့် လဝါးကျေးရွာကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။



ဩဂုတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်ဝန်းကျင်ခန့် မြစ်ကြီးနားမှတက်လာသော အများပြည်သူသုံး လိုင်းကားမှန်လုံတစ်စီးကို KIA က လဝါးကျေးရွာမရောက်မှီ ဒွမ်ဘုန်းကျေးရွာအနီးရှိ ဆိုင်လိန်းခအမည်ရှိ ချောင်းနဘေးတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒွမ်ဘုန်းကျေးရွာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။



“KIA က သတင်းရလို့ ဝင်စစ်တာ လက်နက်ပစ္စည်းပါတယ်။ တစ်ခြားရိက္ခာနဲ့ မူးယစ်ဆေးပြားတွေလည်းပါတယ်လို့ သိရတယ်။ အဲ့ကားကို အဲ့မှာဘဲရပ်ခိုင်းပြီး လမ်းမရဲ့ နဘေးဘက်ကိုမောင်းခိုင်းပြီး အဲ့နေရာမှာတင် မီးရှို့ပေးလိုက်တယ်လို့ သိရတယ်။ သိရသလောက် အဲ့မှာ လူလည်းမပါဘူးတဲ့။ သီးသန့် ပစ္စည်းတွေဘဲ သယ်လာတာဖြစ်တယ်လို့ သိရတယ်” ဟု ပြောဆိုသည်။



မီးရှို့ဖျက်ခံလိုက်ရသည့် လိုင်းကားပေါ်တွင် လက်နက်ရိက္ခာပစ္စည်းများနှင့် မူးဆေးပြားများပါရှိကြောင်းသာသိရပြီး အရေအတွက်မည်မျှခန့် သယ်ယူလာကြောင်းကို သေးစိတ် မသိရကြောင်း သူကဆက်ဆိုသည်။



လမ်းမကြီးအနီး ဆိုင်လိန်းခချောင်းတွင် ကားတစ်စီးမီရှို့ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း လဝါးဒေသခံတစ်ဦးကလည်း KNG ကို ယခုလိုပြောဆိုခဲ့သည်။



“ကျနော်ကတော့ အခင်းသွားတာဟုတ်တယ်။ မနက်ပိုင်းသွားတော့ မတွေ့ရဘူး။ ညနေပိုင်းပြန်လာတော့ ချောင်းနဘေးမှာ ကားအကြီးတစ်စီး ယူလို့မရအောင် မီးရှို့ဖျက်ဆီးထားတယ်။ ကျနော်တို့ လိုက်လံမေးကြည့်တော့ စစ်တပ်ရဲ့ စစ်ရိက္ခာသယ်လာတဲ့ကားဖြစ်လို့ KIA က မီးရှို့ဖျက်ဆီးထားတယ်လို့ဘဲ ပြောကြတယ်” ဟု ပြောဆိုသည်။



အဆိုပါကားကကို KIA က မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့်အချိန်တွင် အနီးတဝိုက် လက်နက်ကြီး လက်နက်ငယ်သံများ ကြားရကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။



ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသောကြောင့် အဆိုပါ ရုပ်သံများကို တင်ဆက်နိုင်ရန် ခက်ခဲနေပါသည်။

 
 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...