ရဲတပ်ဖွဲ့ဝင်များပူးပေါင်းရန် အင်္ဂပူ PDF ဖိတ်ခေါ်

ရဲတပ်ဖွဲ့ဝင်များပူးပေါင်းရန် အင်္ဂပူ PDF ဖိတ်ခေါ်

မြန်မာနိုင်ငံအနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လှည့်လည်ကြေညာနေစဉ်မှာပင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က မြို့နယ်တွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။

“မြို့သိမ်းတိုက်ပွဲများ စတင်တိုက်ခိုက်တော့မည်ဖြစ်၍” အာဏာသိမ်းစစ်ကောင်စီဘက်မှ ပါဝင်တိုက်ခိုက်လိုခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်အပြည့်အစုံ ယူဆောင်လာ၍ ပူးပေါင်းကြရန် အင်္ဂပူ PDF ၏ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လာရောက်ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် စားဝတ်နေရေးကို PDF အဖွဲ့မှ တာဝန်ယူပေးသွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

"တိုက်ပွဲတွေ ဖြစ်တော့မယ့်သတင်းက ပြန့်နှံ့နေတယ်၊ အချို့ CDM လုပ်သွားတာရှိတယ်၊ အချို့က မိသားစုကရှိနေတော့ CDM လုပ် ဖို့ ခက်ခဲနေတာပေါ့၊ တပ်ဖွဲ့မှာ မိုးကျရွှေကိုယ်တွေ လာဗိုလ်ကျနေတာကို မကျေနပ်သူတွေလည်း အများကြီးရှိနေတယ်" ဟု ၈၈ အ ရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ရဲတပ်ကြပ်ဟောင်း ဦးသိန်းမြင့်က ပြောသည်။

ဧရာဝတီတိုင်းတွင် ဟင်္သာတခရိုင် မြန်အောင်မြို့မှ ရဲတပ်ကြပ် ညီအစ်ကို ၂ ဦး ဖေဖော်ဝါရီလ ပထမပတ်ကစတင်ကာ CDM လုပ်ခဲ့သဖြင့် စစ်ကောင်စီက ထောင်ဒါဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း ယင်းတို့၏ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောသည်။

ဧရာဝတီတိုင်းတွင် နွေဦးတော်လှန်ရေး အစောပိုင်းကာလ ဖေဖော်ဝါရီလအတွင်းက ငွေဆောင် မြို့မစခန်းမှူးအပါအဝင် မြို့အသီးသီး မှ CDM လုပ်ခဲ့သည့် ရဲဝန်ထမ်း ၄၀ ကျော်ရှိသည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...